Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့သင်ယူမှုများအပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် De Heus Myanmar သို သွားရောက်လေ့လာခြင်း 🚌🏢
🤝 Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများသည် De Heus Myanmar သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
✨ De Heus Myanmar မှ တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် Livestock လုပ်ငန်းဆိုင်ရာ အထွေထွေဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ နားလည်သိရှိနိုင်စေရန် မျှဝေပေးခဲ့ပါသည်။
🙌 ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စက်ရုံနှင့် ဂိုထောင်အတွင်းသို့ လိုက်လံပြသခဲ့ပြီး Livestock ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှစ၍ ထုတ်ကုန်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးပေးပို့သည့် အဆင့်ဆင့်ကို လက်တွေ့လေ့လာခဲ့ကြပါသည်။ ထို့အပြင် De Heus Myanmar မှ ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
🤝 ယခုကဲ့သို Strategy First ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ဗဟုသုတများ ရရှိစေရန် လေ့လာခွင့်ပြုခဲ့သည့် De Heus Myanmar မှ တာဝန်ရှိသူများအား Strategy First International College မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
🤝 De Heus Myanmar အနေဖြင့်လည်း ရှေ့ဆက်လျှောက်လှမ်းမည့် လုပ်ငန်းအစီအစဉ်များတွင် ပိုမိုအောင်မြင်မှုများ ရရှိပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
#StrategyFirst #DeHeusMyanmar #IndustrialVisit #UKBachelorsProgrammes
Latest News
🏦 Strategy First International College မှ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ AYA SOMPO Insurance Head Office သို့ Industrial Visit သွားရောက်လေ့လာခြင်း
14 October, 2026
Final-Year Students' Welcome Lunch Ceremony
19 September, 2026
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ၂၀၂၆ အခမ်းအနား မှ အမှတ်တရပုံရိပ်များ
18 October, 2026
🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
22 October, 2026
🎯 Strategy First International College Career Bites: Becoming Career Ready
21 October, 2026