Events > Career Bites

🎓💻 Strategy First International College Career Bites: An IT Careers Showcase

🎯 Strategy First တွင် တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအတွက် Strategy First International College Career Bites: An IT Careers Showcase ပွဲကို မေလ (၂၃) ရက်နေ့ (စနေနေ့) ၌ နေ့လယ် (၁၁း၀၀) မှ (၃း၀၀) နာရီအထိ Strategy First Teaching Centre-1 တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

🎯 Strategy First International College Career Bites: An IT Careers Showcase ကျင်းပရခြင်းရည်ရွယ်ချက်

Strategy First International College စတင်ဖွင့်လှစ်ချိန်မှစတင်ပြီး တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တည်ထောင်ချိန် (၂၀၁၀) ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါသည်။

🏢 Strategy First International College Career Bites: An IT Careers Showcase မှာ ကွန်ပျူတာသိပ္ပံနဲ့ နည်းပညာကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Bagan Innovation Technology (BIT), Myanmar Software Integrated Solutions (MSIS), NTT DATA Myanmar, Oway Group, Strategy First Education Group နှင့် Yoma Group စတဲ့ ကုမ္ပဏီကြီးများရဲ့ Internship Program များနဲ့ Early Career Opportunities များကို လျှောက်ထားနိုင်တဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

🤝 ယခုပွဲမှာ ပါဝင်တဲ့ Company တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Q&A Session များကို ပြုလုပ်ပေးခဲ့ပါသည်။

📝 ထို့အပြင် ဆရာမ ဒေါ်အိသန္တာကြူမှ "Career Preparation for Emerging IT Professionals" ခေါင်းစဉ်ဖြင့် IT နယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စတင်လျှောက်လှမ်းမည့်သူများအတွက် အသုံးဝင်သော လမ်းညွှန်ချက်များကို မျှဝေပေးခဲ့ပါသည်။

🧭 ဆရာမ ဒေါ်မဉ္ဇူဖြိုးနှင့် ဆရာမ ဒေါ်ခင်သန္တာလှိုင်တို့မှလည်း ကျောင်းသား၊ ကျောင်းသူများ မိမိတို့ လျှောက်လှမ်းလိုသော Career လမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် တိုင်ပင်ဆွေးနွေးပေးသည့် “Career Mentorship Corner” အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါသည်။

📄 ထို့နောက် ပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများ ယူဆောင်လာသော CV Form များကို သတ်မှတ်ထားသော Room များတွင် တင်ခဲ့ကြပြီး ကုမ္ပဏီများမှ CV များကို ကြည့်ရှုစစ်ဆေးကာ Interview များ ပြုလုပ်ပေးခဲ့ပါသည်။

🙏 ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: An IT Careers Showcase ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️

#CareerBites #MiniJobFair #StrategyFirst #StudentOpportunities #Careerdevelopment #Networking