Events > Academic & Other Events
Strategy First International College Career Bites: Quick-Connect Job Fair 2025
Strategy First International College Career Bites: Quick-Connect Job Fair 2025
…………………….
Strategy First တွင် တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများအတွက် Strategy First International College Career Bites: Quick-Connect Job Fair 2025 ကို စက်တင်ဘာလ (၆) ရက်နေ့ (စနေနေ့) ၌ နေ့လယ် (၁၂း၃၀) မှ (၄း၀၀) နာရီအထိ Strategy First Panchan Tower Teaching Center (Reception & Theatre Room) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Strategy First International College Career Bites: Quick-Connect Job Fair 2025 ကျင်းပရခြင်းရည်ရွယ်ချက်
Strategy First International College စတင်ဖွင့်လှစ်ချိန်မှစတင်ပြီး တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ကျောင်းသူများအတွက် ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် နှင့် တည်ထောင်ချိန် (၂၀၁၀) ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါသည်။
Strategy First International College Career Bites: Quick-Connect Job Fair 2025 တွင် AYA SOMPO, Capital Diamond Star Group (CDSG), Myanmar Citizen Bank (MCB), Myanmar Oasis Manufacturing Co. Ltd (Royal D) စသည့် ကုမ္ပဏီများပါဝင်ခဲ့ကြပါသည်။ ပွဲတွင်ပါဝင်သော Compnay တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Q&A Session များပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် ပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများ ယူဆောင်လာသော CV Form များကို သတ်မှတ်ထားသော Room များတွင် တင်ခဲ့ကြပြီး ကုမ္ပဏီများမှ CV များကို ကြည့်ရှုစစ်ဆေးကာ Interview ဝင်ပေးခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: Quick-Connect Job Fair 2025 ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest News
🎓💻 Strategy First International College Career Bites: An IT Careers Showcase
23 May, 2026
🎓💼 Strategy First International College Career Bites: A Business Careers Showcase
28 February, 2026
🎓💼 Strategy First International College Career Bites: Quick-Connect Job Fair 2025
25 October, 2025
🎓💼 Strategy First International College Career Bites: Quick-Connect Job Fair 2025
06 September, 2025
🎉 Strategy First International College Career Bites: Quick-Connect Job Fair 2025 Dec Edition 💼✨
13 December, 2025