5S စနစ်ကို အကောင်အထည်ဖော်ဖို့အတွက် အဆင့် (၁၀) ဆင့်
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ ထိရောက်တဲ့ထုတ်လုပ်မှုနဲ့ စွမ်းဆောင်ရည် အများဆုံးရရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရရှိဖို့ အရေးကြီးပါတယ်။ မလိုအပ်တဲ့အရာတွေနဲ့ စနစ်တကျမဟုတ်ဘဲ ရှုပ်ပွနေတဲ့ လုပ်ငန်းခွင်နေရာက အချိန်ဖြုန်းတီးခြင်း၊ အမှားများဖြစ်ပေါ်လာခြင်းနဲ့ ထုတ်လုပ်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုမှာ 5S နည်းလမ်းကိုအသုံးပြုခြင်းက အလုပ်လုပ်တဲ့နေရာကို စနစ်တကျဖြစ်စေပြီး သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များချမှတ်ခြင်း၊ မလိုတဲ့အရာတွေကို လျှော့ချခြင်းတို့ဖြင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေပါတယ်။ 5S ဟာ လုပ်ငန်းခွင်နေရာမှာ ထုတ်လုပ်မှုတိုးတက်စေခြင်း၊ လုံခြုံရေးစံနှုန်းများ တိုးတက်စေခြင်း၊ စနစ်တကျ ညီညွတ်မှုရှိတဲ့ အလုပ်နေရာပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းဖြစ်ကြောင်းကို လေ့လာ သွားပါမယ်။
“Lean Methodology ရဲ့ 5S”
Lean Methodology...Read More
Supply Chain ကဏ္ဍမှာ Internet of Things (IoT) ရဲ့ အသုံးဝင်ပုံ
တစ်ပတ်လည်စီးပွားရေးစနစ် (Circular Economy) အတွက် ဒီဂျစ်တယ်ထုတ်ကုန်လက်မှတ်
"သင့်လုပ်ငန်းကြော်ငြာအတွက် သိသာစွာ အကျိုးပြုတဲ့ 3D Animation Billboard"
" စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ PESTLE Analysis "
လုပ်ငန်းများက နိုင်ငံတကာပွဲတော်တွေမှာ လုပ်ဆောင်တဲ့ စျေးကွက်နည်းဗျူဟာများ
"ကျောင်းပြီးသွားတဲ့အခါ ပထမဆုံးအလုပ်ရဖို့အတွက် အကြံပြုချက်များ"
ဘွဲ့ရပြီးစလူငယ်များအတွက် လုပ်ငန်းခွင်အသက်မွေးဝမ်းကြောင်းဟာ ဘဝရဲ့အဓိကဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်များအနေနဲ့ ပထမဆုံးအလုပ်ရှာရာမှာ အောက်ပါအဆင့်တွေကို လိုက်နာဆောင်ရွက်ပါက ရိုးရှင်းပြီး အထောက်အပံ့ဖြစ်စေမှာပဲ ဖြစ်ပါတယ်။
၁။ မိမိကိုယ်ကိုယ်သုံးသပ်ပါ။
အလုပ်တစ်ခုကိုမရှာဖွေခင်မှာ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ဖို့လိုပါတယ်။ မိမိရဲ့ကောင်းမွန်တဲ့ အလုပ်တစ်ခုကို စတင်ရှာဖွေဖို့အတွက် မိမိရဲ့တန်ဖိုး၊ အားသာချက်၊ အားနည်းချက်၊ စိတ်ဝင်စားမှု၊ စရိုက်တွေနဲ့ ရည်မှန်းချက်တွေ၊ မိမိကို ဘယ်အရာတွေက လှုံ့ဆော်ပေးတယ်၊ ကိုယ်ဘာတွေဆက်လုပ်နေဖို့ လိုအပ်နေသေးလဲဆိုတာကို တွက်ဆရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သိထားမှ မိမိ CV ကို စတင်ရေးသားချိန်မှာ လွယ်ကူပြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။
၂။ သုတေသန အခွင့်အလမ်းများ
သင့်ကိုယ်ပိုင် စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီးတာနဲ့ အလုပ်ဈေးကွက်ကို စတင်ရှာဖွေပြီး... Read More
လုပ်ငန်းတွေမှာ မမြင်သာဘဲ ပုန်းကွယ်နေတဲ့ Waste (၈) မျိုး
စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းအတွက်လည်း အကျိုးမရှိ၊ မလိုအပ်ဘဲ ကုန်ကျသွားတဲ့ အသုံးစရိတ်တွေကို သတိမမူမိတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးထွားလာတဲ့အခါ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လက်ခံတဲ့အခါ၊ ဝန်ထမ်းအသစ်များကို ငှားရမ်းတဲ့အခါမျိုးတွေမှာ ကြုံရတတ်ပါတယ်။ အကျပ်အတည်းကာလတွေမှာဆိုရင်တော့ ဝန်ထမ်းအင်အားလျှော့ချခြင်း၊ လုပ်ငန်းကိုပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းထဲမှာ သတိမထားမိဘဲ Waste ဖြစ်နေတဲ့အရာတွေကို လျှော့ချနိုင်ခြင်းက လုပ်ငန်းကိုပြင်းထန်တဲ့ သက်ရောက်မှုတွေ မဖြစ်စေဖို့ တားဆီးပေးနိုင်ပါတယ်။
ကံမကောင်းစွာနဲ့ ကျွန်ုပ်တို့ရဲ့လုပ်ငန်းခွင်မှာ Waste ဆိုတဲ့အရာဟာ အလွန်ရင်းနှီးကျွမ်းဝင်လာပြီး ကျွန်ုပ်တို့အနေနဲ့ ဘယ်အရာက Waste ဖြစ်စေတယ်ဆိုတာကို အလွယ်တကူ မမြင်နိုင်တာမျိုးတွေ ရှိလာပါတယ်။သင့်ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ ရေရှည်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် လုပ်ငန်းထဲမှာရှိတဲ့ ဘယ်သူမဆို သူတို့နေ့စဥ်လုပ်ဆောင်နေတဲ့အရာတွေကို တိုးတက်ဖို့ အတွက် နည်းလမ်းတွေကို ရှာဖွေနိုင်ပါတယ်။ Toyota... Read More
ဟက်ပီးဟော်မုန်းလေးတွေ များများထွက်ဖို့ နေ့စဉ်ပြုလုပ်နိုင်တဲ့ အလေ့အကျင့်ကောင်း (၇) ချက်
ပျော်ရွှင်မှုဆိုတာ ဘဝအခြေအနေ၊ ဆက်ဆံရေးတွေနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အလေ့အထများအပါအဝင် အကြောင်း ရင်းများစွာနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကလည်း ပျော်ရွှင်မှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါရဲ့လား?
ဦးနှောက်ဟာ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပြီး ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်တဲ့ ဓာတုပစ္စည်း များကို ထုတ်လွှတ်နိုင်ပါတယ်။ အဲ့ဒါတွေကတော့ ဆဲရိုတိုနင် (serotonin)၊ ဒိုဖာမင် (dopamine)၊အောက်ဆီတိုစင် (oxytocin) နဲ့ အင်ဒိုဖင်း (endorphins) တို့ပဲ ဖြစ်ပါတယ်။ ပိုမိုပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ကျွန်ုပ်တို့နေ့စဉ်လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တွေကလည်း ဒီလို ဟော်မုန်းတွေ ပိုမိုများပြားစေနိုင်ပါတယ်။
၁။ လေ့ကျင့်ခန်းလုပ်ခြင်းအနုပညာ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်ကို... Read More
17 Sustainable Development Goals
2030 Agenda မှာ Sustainable Development Goals တွေကို အကောင်အထည်ဖော်သွားဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂနိုင်ငံအသီးသီးမှ သဘောတူရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိနဲ့ အနာဂတ်အချိန်တွေမှာ လူတိုင်းအတွက်ကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်စေနိုင်ဖို့ဖြစ်ပါတယ်။ နိုင်ငံတိုင်း မဖြစ်မနေပူးပေါင်းပါဝင်ဖို့လိုအပ်တဲ့ အဲ့ဒီအစီအစဉ်မှာ Sustainable Development Goals (SDGs) (၁၇) ခု ပါဝင်ထားပါတယ်။
SDGs မှာ စားနပ်ရိက္ခာရှားပါးခြင်းနဲ့ ဆင်းရဲမွဲတေမှုကိုအဆုံးသတ်နိုင်ဖို့၊ ပညာရေးနဲ့ကျန်းမာရေးကို အဆင့်မြှင့်တင်ဖို့၊ မညီမျှမှုကွာဟခြင်းတွေကို ဖြည်းဖြည်းချင်းလျှော့ချနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့ လူနေမှုပုံစံဖြစ်စေဖို့ စတဲ့ရည်မှန်းချက်ကြီး (၁၇) ခု ပါဝင်ကာ နိုင်ငံတိုင်းလက်တွဲပြီး အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အဓိကထောက်တိုင်ကြီးသုံးခုဖြစ်တဲ့ စီးပွားရေး၊... Read More
Basic Computer Science Concepts Part-1 “Algorithms”
Technology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောတဲ့အချိန်တော်တော်များများမှာ algorithm ဆိုတဲ့စကားလုံးကို ခဏခဏကြားဖူးပါလိမ့်မယ်။ Algorithm တွေအကြောင်း အများကြီး ပြောပေမယ့် သူ့ရဲ့အနက်အဓိပ္ပာယ်က ဘာလဲဆိုတာကို သေချာသိကြပါသလား?
Algorithm ဆိုတာက တိကျတဲ့ task တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် အသုံးပြုတဲ့ set of steps အဆင့်လေးတွေဖြစ်ပါတယ်။ သူတို့ဟာဆိုရင် programming ရဲ့အခြေခံအုတ်မြစ် ဖြစ်တယ်။ ပြီးတော့ computer တွေ၊ smartphone တွေ၊ website တွေကို ဘာလုပ်ဆောင်ချက် တွေလုပ်မလဲ၊ ဘယ်လို decision တွေချမလဲဆိုတာကိုလည်း လုပ်ပေးပါတယ်။ ယနေ့ခေတ်နည်းပညာတွေနဲ့ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ပြုလုပ်နေတဲ့ အခြေခံလုပ်ဆောင်ချက်တွေက algorithm တွေနဲ့တူပါတယ်။
ဥပမာပြောရမယ်ဆိုရင် spaghetti... Read More
Your More Interesting Inbox Awaits
Discover Insights. Get the latest breaking news delivered straight to your inbox.