Events > Career Bites

🎉 Strategy First International College Career Bites: Quick-Connect Job Fair 2025 Dec Edition 💼✨

🎓 Strategy First တွင် တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအတွက် Strategy First International College Career Bites: Quick-Connect Job Fair 2025 ကို 📅 ဒီဇင်ဘာလ (၁၃) ရက်နေ့ (စနေနေ့) ၌ ⏰ နေ့လယ် (၁၁း၀၀) မှ (၃း၀၀) နာရီအထိ 📍 Strategy First Teaching Centre-1 တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

🎯 Strategy First International College Career Bites: Quick-Connect Job Fair 2025 ကျင်းပရခြင်းရည်ရွယ်ချက်

Strategy First International College စတင်ဖွင့်လှစ်ချိန်မှစတင်ပြီး တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တည်ထောင်ချိန် (၂၀၁၀) ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါသည်။ 🤝

🏢 Strategy First International College Career Bites: Quick-Connect Job Fair 2025 တွင် AtoZ Group, Dai-ichi Life Insurance Myanmar, RMA Group (Myanmar), Strategy First Education Group နှင့် Yoma Bank စသည့် ကုမ္ပဏီများ ပါဝင်ခဲ့ကြပါသည်။

💼 ပွဲတွင်ပါဝင်သော Company တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ Q&A Session များနှင့် ဆရာမ ဒေါ်အိသန္တာကြူမှ "Everything You Need to Apply with Confidence" ခေါင်းစဉ်ဖြင့် အလုပ်လျှောက်ရာတွင် အသုံးပြုရမည့် CV Form များကို စနစ်တကျ ထိရောက်စွာရေးသားနည်း၊ Mail ပို့နည်းများကို သင်ကြားပြသခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

📄 ထို့နောက် ပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများ ယူဆောင်လာသော CV Form များကို သတ်မှတ်ထားသော Room များတွင် တင်ခဲ့ကြပြီး ကုမ္ပဏီများမှ CV များကို ကြည့်ရှုစစ်ဆေးကာ Interview ဝင်ပေးခဲ့ပါသည်။ 

💖 ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: Quick-Connect Job Fair 2025 ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏✨

#CareerBites #MiniJobFair #StrategyFirst #StudentOpportunities #Careerdevelopment #Networking