Events > Academic & Other Events
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ၂၀၂၆ အခမ်းအနား မှ အမှတ်တရပုံရိပ်များ
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၈) ရက် (တနင်္ဂနွေနေ့) တွင် “Sedona Hotel Yangon” ၌ နေ့လည် (၁၂:၃၀) နာရီမှ ညနေ (၅:၃၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
နေ့လည် (၁၂:၃၀) နာရီတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် Strategy First Music Club ကျောင်းသား၊ ကျောင်းသူများမှ “Strategy First Theme Song” သီချင်း၊ “မြတ်ဆရာ” သီချင်းတိုဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပါသည်။ ထိုနောက် ကျောင်းသား၊ ကျောင်းသူများမှ ဆရာကြီး ၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထိုနောက် နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့် ၊ ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ Strategy First ၏ Founder and President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ ပါမောက္ခ ဒေါက်တာ ဦးသောင်းဟန် တိုမှ အမှတ်တရ ဆုပေးစကားများပြောကြားခဲ့ကြပါသည်။
ထိုနောက် Strategy First Students’ Clubs & Societies နှင့် GPIS Dance Club၊ “Titans” & “Queens” Artist Groups များမှ တေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး တေးသံရှင် အဆိုတော် “Mi Sandi” မှ သီဆိုဖျော်ဖြေခဲ့ပါသည်။
ထိုအပြင် Business Plan ပြိုင်ပွဲဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ Student Clubs' & Societies Coordinators နှင့် Class Representatives များအား အသိအမှတ်ပြု Certificate များ ပေးအပ်ခြင်းတိုအပြင် King, Queen, Prince, Princess, Mister & Miss Populars, 1st Runner-ups နှင့် 2nd Runner-ups ဆုရရှိသူများကိုလည်း ကြေညာချီးမြှင့်ခဲ့ပါသည်။
အခမ်းအနား၏ နောက်ဆုံးအစီအစဉ်အဖြစ် တေးသံရှင် “Lu HPring” မှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။
ယခုလို Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားသို အချိန်ပေးပြီး တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
22 October, 2026
🎯 Strategy First International College Career Bites: Becoming Career Ready
21 October, 2026
🎯✨ Market Master Junior — Learning Business Through Experience
17 October, 2026
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026