Events > Academic & Other Events

🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

🎓✨💡အနာဂတ်စီးပွားရေးလောကတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ထိရောက်စွာ ပေါင်းစပ်အသုံးချနိုင်ပြီး အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်နိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမေရိကန်သံရုံး၏ ဦးဆောင်မှုဖြင့် Strategy First International College မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော Digital Entrepreneurship Empowerment Program (DEEP) ၏ Final Competition နှင့် Closing Ceremony အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် Sedona Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

🎓Digital Entrepreneurship Empowerment Program ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး လူငယ်များ၏ စွန့်ဦးတီထွင်မှုဆိုင်ရာ အသိပညာ၊ လက်တွေ့ကျွမ်းကျင်မှု၊ နည်းပညာအသုံးချနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အောက်ပါအစီအစဉ်များကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

📚Seminar Series – January to March 2026

💻Workshops and Bootcamps – April and May 2026

💡Ideation Hackathon – June 2026

🚀Competition – July 2026

🏆Final Competition & Closing Ceremony – October 2026

✨Final Competition အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Cultural Affairs Officer ဖြစ်သူ Ms. Kelly McCray က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး Strategy First International College ၏ Vice President (Administration) ဖြစ်သူ ဦးအောင်ကျော်ဌေး က Program တစ်လျှောက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အောင်မြင်မှုများကို ပြန်လည်မျှဝေတင်ပြခဲ့ပါသည်။

🚀ထို့နောက် Final Competition သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အသင်း (၈) သင်း က ၎င်းတို့၏ ဆန်းသစ်တီထွင်ထားသော စီးပွားရေးလုပ်ငန်းစိတ်ကူးများ၊ နည်းပညာအခြေပြု ဖြေရှင်းနည်းများနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် စီးပွားရေးလုပ်ငန်းအစီအစဉ်များကို ဒိုင်လူကြီးများရှေ့တွင် တင်ပြယှဉ်ပြိုင်ခဲ့ကြပါသည်။

⚖️အဆိုပါ Final Competition တွင် စီးပွားရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦးတီထွင်မှုနယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ ပညာရှင်များနှင့် လုပ်ငန်းရှင်များက ဒိုင်လူကြီးများအဖြစ် ပါဝင်အကဲဖြတ်ပေးခဲ့ကြပါသည်။

🔷ဒေါက်တာ ဦးထွန်းသူရသက် – Chief Executive Officer, Nirvasoft

🔷ဦးသူရိန်အောင် – President, Yangon Region Young Entrepreneurs Association (YRYEA) နှင့် Chief Executive Officer, Dagon International Co., Ltd.

🔷ဒေါ်စုမြတ်လှ – Joint Secretary, Myanmar Women Entrepreneurs Network (MYANWEN) နှင့် Executive Director, M&A Advisory

🔷Ms. Kelly McCray – Cultural Affairs Officer, U.S. Embassy in Myanmar

🔷ဦးအောင်သော်ဇင် – Investment Manager, City Ventures Ltd.

🏆 ပြိုင်ပွဲဝင်အသင်းများ၏ ဆန်းသစ်တီထွင်နိုင်မှု၊ စီးပွားရေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်နိုင်ခြေ၊ နည်းပညာအသုံးချမှုနှင့် တင်ပြနိုင်စွမ်းတို့ကို အကဲဖြတ်ရွေးချယ်ခဲ့ရာ အောက်ပါအသင်းများက စုစုပေါင်း ဆုကြေးငွေ ကျပ် (၁၃၂) သိန်း ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။

🥇ပထမဆု (First Place Award) – Victory Crew

ဆုကြေးငွေ ကျပ်သိန်း (၆၀)

🥈ဒုတိယဆု (Second Place Award) – HORIZON

ဆုကြေးငွေ ကျပ်သိန်း (၄၀)

🥉တတိယဆု (Third Place Award) – HERgy

ဆုကြေးငွေ ကျပ်သိန်း (၃၂)

🤝ထို့အပြင် Program တစ်လျှောက် လူငယ်များ၏ စွန့်ဦးတီထွင်မှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် အသိပညာများ မျှဝေပေးခဲ့ကြသည့် Mentors များနှင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသူများအား Strategy First International College ၏ Founder and President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင် က ဂုဏ်ပြုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

🌟 Digital Entrepreneurship Empowerment Program သည် လူငယ်များအတွက် စွန့်ဦးတီထွင်မှုဆိုင်ရာ အသိပညာများ သင်ယူရရှိစေရုံသာမက မိမိတို့၏ စီးပွားရေးစိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ နည်းပညာများကို ဖန်တီးအသုံးချတတ်စေရန်နှင့် လုပ်ငန်းနယ်ပယ်မှ အတွေ့အကြုံရှိ ပညာရှင်များနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

🎓Program တွင် ပါဝင်ခဲ့ကြသည့် လူငယ်များအားလုံးကို Strategy First International College မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ ယခုအစီအစဉ်မှ ရရှိခဲ့သည့် အသိပညာ၊ အတွေ့အကြုံနှင့် အခွင့်အလမ်းများကို အခြေခံ၍ အနာဂတ်တွင် ဆန်းသစ်တီထွင်နိုင်စွမ်းရှိပြီး လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် ဆက်လက်အောင်မြင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

❤️ Digital Entrepreneurship Empowerment Program အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အမေရိကန်သံရုံး၊ ဒိုင်လူကြီးများ၊ Mentors များ၊ Speakers များ၊ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို Strategy First International College မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

#DEEP #DigitalEntrepreneurshipEmpowermentProgram #USEmbassyMyanmar #Entrepreneurship #DigitalInnovation #YouthEmpowerment #FinalCompetition #StrategyFirst #strategyfirstinternationalcollege