Events > Graduation Ceremonies
UK မှ ချီးမြှင့်တဲ့ ဘွဲ့ကြိုအတန်းများမှာ 2019 ခုနှစ်မှ 2023 ခုနှစ်အတွင်း ဘာသာရပ်အလိုက် နှစ်စဉ်ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ President’s List နဲ့ Dean’s List မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား/သူများ၊ NCC High Achiever Award ရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်
Strategy First မှ Awarding Ceremony အခမ်းအနားကို ဒီဇင်ဘာလ (၂၃) ရက်နေ့က SFU Teaching Centre (1) Theater Hall မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Strategy First ရဲ့ Founder/President ဦးအောင်ချစ်ခင်၊ Vice President (Academic) ဒေါက်တာ ဦးစိန်မင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Vice Provost and Dean ဆရာမကြီး ဒေါက်တာဒေါ်နီလာဝင်း၊ သက်ဆိုင်ရာဘာသာရပ်အသီးသီးမှာ သင်ကြားပို့ချနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ မိဘဆွေမျိုးများ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
အခမ်းအနားမှာ President’s list ကျောင်းသား/သူများ၊ Dean’s List ကျောင်းသား/သူများ၊ NCC High Achiever Award ရရှိသူများနဲ့ Club အသီးသီးမှ တက်ကြွစွာပါဝင်ပေးခဲ့ကြသူများအားလုံးကို သက်ဆိုင်ရာ အသိအမှတ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြပါတယ်။ ဖျော်ဖြေရေးအပိုင်းမှာ Strategy First Dance Club ကျောင်းသူလေးများမှ မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေပြီး Strategy First Music Club မှ Strategy FirstTheme song ကို သီဆိုပြီး အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026