Events > Graduation Ceremonies
MBA & UK Bachelor’s Final Year Students Gala Dinner 2026
မန္တလေးမြို့ရှိ Strategy First International College တွင် The University of Wolverhampton, UK နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသော MBA Programme နှင့် UK Bachelor’s Programmes – Final Year အတန်းများမှာ တက်ရောက်အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့် ညစာစားပွဲ "Gala Dinner" အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ တွင် Mingalar Mandalay Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် Strategy First ၏ နာယကဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့်၊ Founder and President ဆရာ ဦးအောင်ချစ်ခင်နှင့် Deputy Vice President (Faculty of IT and Engineering) ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်းတို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှလည်း အမှတ်တရစကားများနှင့် အတွေ့အကြုံများကို ပြန်လည်မျှဝေပြောကြားခဲ့ကြပါသည်။ ထို့နောက် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ "Gala Dinner" အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။
ယခုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် ပါဝင်ဆင်နွှဲပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို Strategy First မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Latest News
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့သင်ယူမှုများအပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် De Heus Myanmar သို သွားရောက်လေ့လာခြင်း 🚌🏢
14 November, 2026
Strategy First Mandalay The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
08 November, 2026
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ၂၀၂၆ အခမ်းအနား မှ အမှတ်တရပုံရိပ်များ
18 October, 2026
🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
18 October, 2026
🎯✨ Market Master Junior — Learning Business Through Experience
17 October, 2026