Events > Academic & Other Events
“The Christmas Carnival” - Strategy First International College Christmas Event
“The Christmas Carnival” - Strategy First International College Christmas Event
Strategy First International College UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေကြသော Strategy First Christian Society, Strategy First English Club နှင့် အခြားသော Students Club များမှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သော “The Christmas Carnival” Event ရဲ့ အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် Christmas Themed Cupcakes များဖြင့် ဧည့်ခံကာ Strategy First Christian Society မှ ဓမ္မတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။
Strategy First Music Club, Strategy First Dance Club နှင့် Strategy First European Culture Club တို့မှ Live Performance အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
Strategy First Photography Club မှ Christmas အတွက် ဖန်တီးထားသော Photobooth ၌ Christmas Themed Props များဖြင့် အမှတ်တရအလှဓါတ်ပုံများ ရိုက်ကူးပေးခဲ့ပါသည်။
Strategy First English Club မှ ဦးဆောင်၍ Home Alone 1 & 2 ဇာတ်ကားများကို အတူတကွကြည့်ရှုခဲ့ကြပါသည်။
Strategy First Teaching Centre Campus (၃) ခုလုံး၌ ထားရှိပေးထားသော Secret Letter Box လေးများမှတဆင့် သူငယ်ချင်းအချင်းချင်း Christmas အမှတ်တရ ဆုတောင်းမေတ္တာစကားများကို ရေးသားပေးပို့ခဲ့ကြပါသည်။
ယခုလို “The Christmas Carnival” - Strategy First International College Christmas Event ပွဲလေးဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသော Strategy First Students Club အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် အချိန်ပေးပြီး လာရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Merry Christmas to You All!
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026