Events > Academic & Other Events
Strategy First Winter Games 2026 – The Opening Ceremony
Strategy First International College ၏ UK Bachelor’s Programmes ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ Strategy First Winter Games 2026 – The Opening Ceremony ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
Strategy First Winter Games 2026 – The Opening Ceremony ကို ဇန်နဝါရီလ (၂၄) ရက်နေ့တွင် YUSC Sports Complex ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Strategy First Winter Games 2026 – The Opening Ceremony သို့ အားပေးကြည့်ရှုရန် ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများ ပွဲကြည့်စင်တွင် နေရာယူပြီးနောက် ဖွင့်ပွဲအခမ်းအနားကို စတင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်ကျောင်းသားများ၊ သက်ဆိုင်ရာအသင်းနှင့် ပြိုင်ပွဲအသီးသီးကိုယ်စားပြု ကျောင်းသား/သူလေးများနှင့် Volunteers အဖွဲ့ဝင် ကျောင်းသားများလည်း အခမ်းအနားကျင်းပရာ ကွင်းအတွင်းတွင် အစီအစဉ်တကျ နေရာယူခဲ့ကြပါသည်။
Strategy First International College ၏ Founder & President ဦးအောင်ချစ်ခင်နှင့် ဆရာကြီးဆရာမကြီးများ တာဝန်ရှိသူများ မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ဆရာ ဦးအောင်ချစ်ခင်မှ ပွဲနှင့်ပတ်သက်ပြီး လိုအပ်သည့် အဖွင့်အမှာစကားများ ပြောကြားပေးခဲ့ပါသည်။
Strategy First Music Club မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ Strategy First Dance Club မှ Cheerleader အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ Guest Singer တေးသံရှင် အဆိုတော် မိစန္ဒီမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းတို့ဖြင့် ပွဲအခမ်းအနားကိုဆက်လက် ကျင်းပခဲ့ပါသည်။
အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခြေငါးချောင်းထောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ အစရှိသည့် အားကစားနည်းများကို Strategy First ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Strategy First ကျောင်းသားဘဝ ပျော်ရွှင်ဖွယ်ရာအမှတ်တရများကို ချစ်ခင်ရင်းနှီးစွာ ပါဝင်ဖြတ်သန်းခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲအသီးသီးတွင် အနိုင်ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ဆုကြေးများ ပေးအပ်ချီးမြှင့်ပြီး Strategy First Winter Games 2026 – The Opening Ceremony အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Strategy First Winter Games 2026 ၏ Tournament အားကစားပြိုင်ပွဲများဖြစ်သည့်
Basketball Tournament ကို ဇန်နဝါရီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တွင် YUSC Sports Complex ၌ လည်းကောင်း၊
MLBB Tournament ကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၂၃) ရက်နေ့အထိ Panchan Tower Teaching Centre ၌ လည်းကောင်း၊
Futsal Tournament ကို YCDC Marga တွင် ဇန်နဝါရီလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိနှင့် No.2 National Indoor Stadium တွင် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ လည်းကောင်း၊
Billiards Tournament ကို ဇန်နဝါရီလ (၂၇) ရက်နေ့တွင် Urban Cue (Pearl Condo) ၌ လည်းကောင်း၊
Badminton Tournament ကို ဇန်နဝါရီလ (၂၄) ရက်၊ (၂၅) ရက်နှင့် (၃၁) ရက်နေ့များတွင် ACE Badminton Court ၌ လည်းကောင်း၊
Strategy First Winter Games 2026 – The Closing Ceremony ကို ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် No.2 National Indoor Stadium ၌ လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ အားကစားကို ချစ်မြတ်နိုးသူ Strategy First ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစု၊ မိတ်ဆွေများ လာရောက်ကြည့်ရှုအားပေးနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ယခုလို Strategy First Winter Games 2026 – The Opening Ceremony အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026