Events > Academic & Other Events
Strategy First UK Bachelors’ Programmes: Final Year Students - Welcome Potluck Party
Strategy First တွင် University of Wolverhampton, UK မှ ချီးမြှင့်သည့် BA (Hons) Business Management နှင့် BSc (Hons) Computer Science ဘွဲ့၊ University of Greater Manchester, UK မှ ချီးမြှင့်သည့် BSc (Hons) Business Management ဘွဲ့များကို ရယူရန် တက်ရောက်သင်ကြားကြမည့် UK Bachelors’ Programmes: Final Year ကျောင်းသား၊ ကျောင်းသူများ၏ Welcome Potluck Party အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။ အခမ်းအနားကို Strategy First Panchan Tower Teaching Centre တွင် ဇန်နဝါရီလ (၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး UK Bachelors’ Programmes အသီးသီးမှ Final Year ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပညာသင်ကြားရေးအပိုင်းနှင့် ပတ်သက်ပြီး သိရှိထားရမည့် အချက်အလက်များ၊ ကျောင်းစည်းကမ်းများကို Strategy First Academic Department မှ ဆရာမများနှင့် သက်ဆိုင်ရာ Department မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှလည်း အချင်းချင်း ရင်းနှီးစွာ မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်၍ “Welcome Potluck Party” ကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026