Events > Graduation Ceremonies
Strategy First The Graduation Ceremony Mandalay 2025
Strategy First The Graduation Ceremony Mandalay 2025 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့🎓
……………………
Strategy First The Graduation Ceremony Mandalay 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၈) ရက် (စနေနေ့)တွင် မန္တလေးမြို့၊ Ceremon Grand Ballroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။🏢🎓
ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်း၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်း၊ Deputy Vice President ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Faculty of Business and Management Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့်၊ ဘာသာရပ်အသီးသီးကို သင်ကြားပြသခဲ့သော ဆရာကြီး၊ ဆရာမကြီးများ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။👨🎓👩🎓
အခမ်းအနားကို Strategy First ၏ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ Strategy First ၏ နာယက ဆရာကြီး ဆရာမကြီး များ မှ ဘွဲ့ ရကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပါသည်✨
ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များနှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား နှုတ်ဆက်ကျေးဇူးတင်စကားများကို BA(Hons)Business Management,The University of Wolverhampton, UK ဘွဲ့ကို First Class ဖြင့် ဖြေဆိုအောင်မြင်ခဲ့သော မငုံဖူးဇင်၊ NCC Level 4 Diploma in Computing Programme တွင် High Achiever Award (First in the World , First in the Asia Region) ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မောင်ဘုန်းပြည့်အေး တို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ 👏
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအတွက် Strategy First မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ✨
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ် လုပ်ငန်းခွင်တွင်လည်း မိမိတို့သင်ကြားထားသည့် ပညာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ကာ ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🎉
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026