Events > Graduation Ceremonies
Strategy First The Graduation Ceremony 2025 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
Strategy First The Graduation Ceremony 2025 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
……………………
Strategy First The Graduation Ceremony 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel, Yangon Ballroom ၌ အပိုင်း (၄) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်း၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်း၊ Deputy Vice President ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Faculty of Business and Management Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့်၊ Faculty of Entrepreneurship Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းအောင်၊ ဘာသာရပ်အသီးသီးကို သင်ကြားပြသခဲ့သော ဆရာကြီး၊ ဆရာမကြီးများ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို Strategy First ၏ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ Strategy First ၏ နာယက ဆရာကြီး ဆရာမကြီး များ မှ ဘွဲ့ ရကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပါသည်
Session အလိုက် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များနှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား နှုတ်ဆက်ကျေးဇူးတင်စကားများကို Session (A) တွင် Strategy First Professional Diploma in Applied Construction ကို ဖြေဆိုအောင်မြင်ခဲ့သော မစုစုမွန်၊ Session (B) တွင် BSc (Hons) Business Computing and Information Systems, UK ဘွဲ့ကို First-Class ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မဟေမာန်အိမ်စည်၊ Session (C) တွင် BA (Hons) Business Management ဘွဲ့ကို First-Class ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မချောစုသူဇာ နှင့်
Session (D) တွင် Strategy First Professional Diploma in Marketing and Brand Management ကို ဖြေဆိုအောင်မြင်ခဲ့သော ကိုမြတ်မိုး တို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ 
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအတွက် Strategy First မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ 
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ် လုပ်ငန်းခွင်တွင်လည်း မိမိတို့သင်ကြားထားသည့် ပညာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ကာ ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026