Events > Academic & Other Events
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
မြန်မာနှစ်သစ် (၁၃၈၈) ခုနှစ်ကို ကြိုဆိုသောအားဖြင့် ကျင်းပခဲ့တဲ့ Strategy First International College ရဲ့ မြန်မာနှစ်ကူးအကြိုပွဲတော်ကို April လ (၄) ရက်နေ့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း) မှာ ကျင်းပပြုလုပ်ခဲ့ပြီး Strategy First International College ရဲ့ Program ပေါင်းစုံက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားဟောင်းများ၊ Global Pathways International School ကျောင်းသား၊ ကျောင်းသူများ၊ Sigma Ace English Centre ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်ကို ဆရာ ဦးအောင်ချစ်ခင် (Founder & President of Strategy First International College) နှင့် ဆရာကြီး ဒေါက်တာ ဦးစိန်မင်း (Academic Vice President of Strategy First International College) တို့မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ Strategy First Dance Club, Strategy First Music Club, GPIS Music Club, GPIS Dance Club, Master Program ကျောင်းသား၊ ကျောင်းသူများ၊ ICM Professional Diploma ကျောင်းသား၊ ကျောင်းသူများ၊ Strategy First ကျောင်းသားဟောင်းများ၊ Strategy First Education Group ဝန်ထမ်းများတို့မှ သင်္ကြန်သီချင်းများ၊ သင်္ကြန်အကအလှများဖြင့် သီဆို ကပြ ဖျော်ဖြေခဲ့ပါတယ်။
Strategy First ကျောင်းသူဟောင်း အဆိုတော် မိစန္ဒီ၊ အဆိုတော် လွှမ်းပိုင်၊ Titans နှင့် Crew X အကအဖွဲ့ စတဲ့ နာမည်ကြီး အနုပညာရှင်များမှလည်း Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်မှာ ပါဝင်အားဖြည့် တင်ဆက်ပေးခဲ့ကြပါတယ်။
သင်္ကြန်မှာ မပါမဖြစ် ဖြစ်တဲ့ စတုဒိသာ အုန်းလက်မဏ္ဍပ်များမှာလည်း မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစတဲ့ သင်္ကြန်စာတွေအပြင် အခြားသော မုန့်များစွာကို Strategy First Education Group Member Company များအပြင် Royal-D, Premier Coffee, AYA Sompo Insurance, AYA Bank, YOMA Group, KFC, YKKO, Xtrasure, Myanmar Airways International, A to Z Group, Myanmar Women Entrepreneurs Network, Yum Yum Noodle, Shin Shin Noodle, Zifam Myanmar, နေ့သစ်ကျန်းမာ၊ (၉) လမ်း မြိတ်ကတ်ကြေးကိုက် စတဲ့ Strategy First ရဲ့ မိတ်ဖက်ကုမ္ပဏီကြီးများမှ တည်ခင်း ကျွေးမွေးခဲ့ပါတယ်။
ယခုလို Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ Strategy First Education Group ရဲ့ ပညာရေး Program အသီးသီးက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားဟောင်းများ၊ ပွဲကို တက်ရောက်ခဲ့ကြတဲ့ ဧည့်သည်တော်များ၊ စတုဒိသာများဖြင့် အားဖြည့်ကူညီပေးခဲ့ကြတဲ့ မိတ်ဖက်ကုမ္ပဏီများနဲ့ ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် နှစ်ကူးသင်္ကြန်အခါသမယတွင် ဘေးဘယာဝေးကွာကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026