Events > Academic & Other Events
Strategy First Mandalay UK Bachelors’ Programmes: Final Year Students - Welcome Potluck Party
Strategy First Mandalayတွင် University of Wolverhampton, UK မှ ချီးမြှင့်သည့် BA (Hons) Business Management နှင့် BSc (Hons) Computer Science ဘွဲ့၊ University of Greater Manchester, UK မှ ချီးမြှင့်သည့် BSc (Hons) Business Management ဘွဲ့များကို ရယူရန် တက်ရောက်သင်ကြားကြမည့် UK Bachelors’ Programmes: Final Year ကျောင်းသား၊ ကျောင်းသူများ၏ Welcome Potluck Party အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။
အခမ်းအနားကို Strategy First Mandalay Teaching Centre (3) တွင် ဇန်နဝါရီလ (၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး UK Bachelors’ Programmes အသီးသီးမှ Final Year ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ပါမောက္ခဆရာကြီး ဒေါက်တာဦးစိန်မင်း၊ ပါမောက္ခဆရာမကြီး ဒေါက်တာဒေါ်နီလာဝင်းနှင့် တကွ BA(Hons) Business Management နှင့် BSc(Hons)Computer Science Programme အသီးသီးတွင် သင်ကြားပို့ချပေးနေသည့် ဆရာကြီး ဆရာမကြီးများမှ အမှတ်တရနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှလည်း အချင်းချင်း ရင်းနှီးစွာ မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်၍ “Welcome Potluck Party” ကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026