Events > Academic & Other Events
Strategy First Mandalay - Students' Clubs Engagement and Potluck Party
Strategy First International College Mandalay ရှိ UK ဘွဲ့ကြို (Foundation) အတန်းများတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ရင်းနှီးမှု ပိုမိုရရှိစေနိုင်ရန်နှင့် မိတ်ဆွေသူငယ်ချင်းအသစ်များ တိုးပွားလာစေရန် ရည်ရွယ်ပြီး "Students' Clubs Engagement and Potluck Party” ကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် Strategy First Mingalar Mandalay Teaching Centre - 3 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပွဲအတွက် Reception Counter တွင် Register ပြုလုပ်ကြပြီးနောက် Club Explorer Stamp Card များထုတ်ယူခဲ့ကြပါသည်။ ထို့နောက် Strategy First Mandalay ရှိ Students’ Clubs များကို လေ့လာရင်း Club တစ်ခုချင်း၏ မတူညီသော Game များကစားပြီး Reward ထုတ်ယူခြင်း၊ Club Explorer Card ဖြင့် Lucky Draw Redeem လုပ်ခြင်း၊ မိမိစိတ်ဝင်စားသော Club များကို အလွယ်တကူ QR Scan လုပ်ကာ အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း စသည့် Activity များကို လုပ်ဆောင်ကာ Strategy First ကျောင်းသားဘဝအတွေ့အကြုံသစ်များကို ပျော်ရွှင်စွာ ဖန်တီးရယူခဲ့ကြပါသည်။
Students' Clubs Engagement Activities များကို အတူတကွ ဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းသားများ ကိုယ်တိုင်ယူဆောင်လာသော မုန့်များကို သူငယ်ချင်းများနဲ့အတူ မျှဝေစားသောက်ပြီး ‘Potluck Party’ ကို နွေးထွေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။
ယခုလို “Students' Clubs Engagement and Potluck Party” တွင် စုပေါင်းပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Strategy First Mandalay မှ အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ..
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026