Events > Academic & Other Events

“Strategy First_Mandalay AI Hackathon 2026”

Strategy First မှ UK Bachelor's Programmes (Online | In-person) အတန်းများတွင် တက်ရောက်နေကြသော Business နှင့် Computing ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စီးပွားရေးဆိုင်ရာ အတွေးအခေါ်များကို လက်တွေ့အသုံးချနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော “Strategy First_Mandalay AI Hackathon 2026” ပြိုင်ပွဲ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။

“Strategy First_Mandalay AI Hackathon 2026” ပြိုင်ပွဲကို

ဇူလိုင်လ (၁၂ ၊ ၁၃) ရက်နေ့တွင် Training and Information Session

ဇူလိုင်လ (၁၅) ရက်နေ့တွင် AI Hackathon Day

ဇူလိုင်လ (၁၆) ရက်နေ့တွင် Presentation စသည်ဖြင့် အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင်

ပထမဆု - Next Gen Coders v2

ဒုတိယဆု - Digital Dreamers

တတိယဆု - 4 Nerds

နှစ်သိမ့်ဆု - Three Brains One Vision, Nexora

‎Best Innovation Award _Iconist

‎Outstanding Teamwork Award _ Clover

Best Presentation Award _ Innovators Four

‎Judges' Special Recognition Award _ ThoneHtetTharKin 4.0

‎People's Choice Award _ FourSight

တို့မှ ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။

“Strategy First Mandalay AI Hackathon 2026” ပြိုင်ပွဲကို အချိန်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဆရာမများနှင့် တာဝန်ရှိလူကြီးမင်းများအားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။