Events > Academic & Other Events
Strategy First Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားမှ အမှတ်တရပုံရိပ်များ
Strategy First Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားမှ အမှတ်တရပုံရိပ်များ 

……………………….
Strategy First Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် (စနေနေ့)တွင် မန္တလေးမြို့၊ Ceremon Grand Ballroom နေ့လည် (၁၂:၃၀) နာရီမှ ညနေ (၆) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
နေ့လည် (၁၂:၃၀) နာရီတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် Strategy First UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ “Ready for the Future” သီချင်း၊ “မြတ်ဆရာ” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ဆရာကြီး ၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့် ၊ Strategy First ၏ Founder and President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်း၊ ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်တို့မှ ဆုပေးစကားများပြောကြားခဲ့ကြပါသည်။
အစီအစဉ်အရ Strategy First Music Club နှင့် GPIS Dance Club မှ ကျောင်းသားကျောင်းသူလေးများမှ တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွါးခဲ့သော ငလျင်ကြီးတွင် ကျောင်းသား၊ကျောင်းသူများကို ကူညီကယ်ဆယ်ပေးခဲ့ကြသူများ နှင့် ငလျင်ဒဏ် ခံစားခဲ့ရသော ပြည်သူများကို သွားရောက်ကူညီလှူဒါန်းပေးခဲ့ကြသည့် Volunteer ကျောင်းသားကျောင်းသူများကို Strategy First ၏ Founder and President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာ Certificate များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး တေးသံရှင် အဆိုတော် “SHINE” မှ သီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီး Strategy First Undergraduate ကျောင်းသူလေးများ၏ Chinese အကအလှ, Strategy First Dance Club, Strategy First Music Club, Strategy First Myanmar Culture Club, GPIS Music Club နှင့် GPIS Dance Club ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများ၊ မြန်မာ့ရိုးရာ အဆိုအကများနှင့် အခြားသော ခေတ်ပေါ်အကအလှများအပြင် Strategy First Undergrad ကျောင်းသားကျောင်းသူများ၏ လင်္ကာဒီပချစ်သူပြဇာတ်ဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ Voting စနစ်ဖြင့် ရွေးချယ်ထားသော King, Queen နှင့် Prince, Princess, Mister Popularity, Miss Popularity Awards ဆုရရှိခဲ့သူများကို ကြေညာခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ယခုလို Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားသို့ အချိန်ပေးပြီး တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026