Events > Academic & Other Events
Strategy First International College ရှိ UK မှချီးမြှင့်တဲ့ ဘွဲ့ကြိုသင်တန်းများမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး Student Gathering Event ကျင်းပပြုလုပ်
Strategy First International College မှာ ဖွင့်လှစ်ထားတဲ့ UK မှချီးမြှင့်တဲ့ ဘွဲ့ကြိုသင်တန်းများမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “Strategy First Student Gathering Event” ကို ဩဂုတ်လ (၁၉) ရက်နေ့က Strategy First Teaching Centre (1) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First International College ရဲ့ Founder and President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Strategy First Community Service Club မှ Club Project များမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး E-Sports Community မှ MLBB ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများကို ဆုများချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် Strategy First Students’ Club အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း ပွဲတက်ရောက်သူများကို Club အကြောင်းများ မိတ်ဆက်ပြောကြားခဲ့ပါတယ်။
King & Queen Contestant များမှ Talent Show များ, Strategy First Music Club မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ Strategy First Dance Club မှ KPop Radom Dance and Performance များနဲ့ Strategy First Media Club မှ ပြဇာတ်များဖြင့် ဖျော်ဖြေပေးခဲ့ကြပါတယ်။ Strategy First Music Club မှ Strategy First Theme Song ဖြင့် Student Gathering ပွဲအခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါတယ်။ Strategy First Student Gathering ပွဲကို ကြွရောက်ချီးမြှင့်ပေးခဲ့တဲ့ ဆရာ၊ ဆရာမများ၊ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ Entertainment များမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ၊ အမှတ်တရ ဓာတ်ပုံများရိုက်ကူးပေးပါတဲ့ Strategy First Photography Club မှ ကျောင်းသား၊ ကျောင်းသူများနဲ့ လာရောက်အားပေးခဲ့ကြတဲ့ Strategy First International College မှ ကျောင်းသား၊ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026