Events > Academic & Other Events
Strategy First International College ရန်ကုန်၊ မန္တလေးကျောင်းများမှ Football Club က ကျောင်းသားများဦးဆောင်ကာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်
Strategy First (Mandalay) ကျောင်း Football Club မှ ကျောင်းသားများ ရန်ကုန်မြို့သို့လာရောက်ပြီး ရန်ကုန်ကျောင်းမှ ကျောင်းသားများနဲ့အတူ ချစ်ကြည်ရေးပွဲများကို ရင်းရင်းနှီးနှီး ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ Strategy First YGN Team-A,Strategy First YGN Team-B နဲ့ Strategy First MDY Team-A, Strategy First MDY Team-B စသဖြင့် အသင်း (၄) သင်းခွဲပြီး Strategy First Friendly Futsal Match ကို ရန်ကုန်မြို့ရှိ MFF Futsal Stadium မှာ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၀) နာရီမှ နေ့လယ် (၃) နာရီအထိ ကစားခဲ့ကြပါတယ်။ အဆိုပါပွဲမှာ Strategy First Mandalay Team-B မှ အနိုင်ရရှိခဲ့ပြီး 1st Runner Up, 2nd Runner Up, Best Player, Best Goalkeeper နဲ့ Top Scorer အစရှိတဲ့ ဆုများကို Team အလိုက် အသီးသီးရရှိခဲ့ကြပါတယ်။ ဆုရရှိခဲ့သူများကတော့
Champion - MDY Team-B , 1st Runner Up - MDY Team - A, 2nd Runner Up - YGN Team - B, Best Player - Aung Khant Bo (MDY Team-A), Best Keeper - Lin Htet Aung (YGN Team-B) , Top Scorer - Tun Min Thein (MDY Team-B) 7 Goals တို့မှ ဆွတ်ခူးရရှိခဲ့ကြပါတယ်။ Strategy First Yangon & Strategy First Mandalay မှ ဘောလုံးကစားသမားများနဲ့ ပွဲမှာ ပါဝင်ကူညီပေးတဲ့ Volunteer များကို “Chinese 47 Restaurant” မှာ စက်တင်ဘာလ (၂၂) ရက်နေ့ ညက ဂုဏ်ပြုညစာ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ Strategy First Yangon & Strategy First Mandalay Friendly Football Match ပွဲစဉ်ကို စက်တင်ဘာလ (၂၃) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ရန်ကုန်ယူနိုက်တက် (YUSC) ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First Yangon နဲ့ Strategy First Mandalay တစ်သင်းစီမှ ကစားသမားချင်းရောကာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ Strategy First ရန်ကုန်နဲ့ မန္တလေး ချစ်ကြည်ရေးပွဲစဉ်ကို Strategy First ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူများက လာရောက်အားပေးခဲ့ကြပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026