Events > Industrial Visit

Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” ‌သို့ သွားရောက်လေ့လာခြင်း

Strategy First International College မှ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့တင်သာမက လက်တွေ့အမြင်အဆန်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး Yangon Stock Exchange (YSX) သို့ ဇူလိုင်လ (၃၀) ရက်နေ့က သွားရောက်လေ့လာခဲ့ကြပါသည်။

Yangon Stock Exchange (YSX) မှ Chief Operating Officer ဆရာ ဦးမင်းသူက ကြိုဆိုနှုတ်ခွန်းဆက်စကား နွေးထွေးစွာပြောကြားခဲ့ပြီးနောက် Stock Exchange ၏ သမိုင်းကြောင်း၊ လက်ရှိလည်ပတ်နေသော စနစ်များ၊ အစုရှယ်ယာဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် စသည်တို့ကို မျှဝေ ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ 

သွားရောက်လေ့လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်ခဲ့ကြပြီး Yangon Stock Exchange (YSX) မှ တာဝန်ရှိသူများကလည်း အသေးစိတ်ပြန်လည် ဖြေကြားခဲ့ကြပါသည်။

ယခုလို ကျောင်းသား၊ ကျောင်းသူများကို လာရောက်လေ့လာခွင့်ပေးသည့် Yangon Stock Exchange (YSX) မှ တာဝန်ရှိသူများအား Strategy First မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ 

Yangon Stock Exchange (YSX) အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအသစ်များဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်အစီအစဉ်များမှာလည်း အောင်မြင်မှုများရရှိပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။