Events > Academic & Other Events
Strategy First International College တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အမှတ်တရ “တတိယအကြိမ်မြောက် ထမနဲထိုးပွဲ”
Strategy First International College တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အမှတ်တရ တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို Strategy First International College မှ ကျောင်းသား/သူများ ဦးဆောင်ဖွဲ့စည်းထားသည့် Music Club , Community Service Club, Football Club, Chess Club ,English Club, Art Club, Media Club, Table Tennis Club, Photography Club, Dance Club, Cooking Club နှင့် Strategy First Education Group ရဲ့ ပညာရေးလုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Global Pathways International School မှ ကျောင်းသား/သူများပါ စုပေါင်းပါဝင်ခဲ့ကြပြီး ဆုရရှိခဲ့ကြသူအသီးသီးကို အမှတ်တရဆုများ ချီးမြှင့်ပေးခဲ့ပါတယ်။
ထို့အတူ Strategy First International College (Mandalay) မှာလည်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မန္တလေးမြို့ရှိ စင်္ကြာဝန်းဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထမနဲထိုးပြိုင်ပွဲမှာ Strategy First International College (Mandalay) ကျောင်းရှိ UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေတဲ့ ကျောင်းသား/ သူများနဲ့ Strategy First Education Group ၏ ပညာရေးလုပ်ငန်းခွဲတစ်ခုဖြစ်သော Global Pathways International School (GPIS) မန္တလေးကျောင်းမှ ကျောင်းသား/ သူများ စုပေါင်းပါဝင်ခဲ့ကြပါတယ်။ Strategy First International College နဲ့ GPIS မှာ တက်ရောက်နေကြတဲ့ ကျောင်းသား/ သူများကလည်း လာရောက်အားပေးခဲ့ကြပါတယ်။
ယခုလို ထမနဲထိုးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား/ သူများနဲ့ လာရောက်အားပေးခဲ့ကြတဲ့ Strategy First International College နဲ့ GPIS မှ ကျောင်းသား/ သူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026