Events > Academic & Other Events
Strategy First International College နှင့် King Mongkut's University of Technology Thonburi (KMUTT, Thailand) လက်အောက်ရှိ Graduate School of Management and Innovation (GMI) တို့ အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆို
Strategy First International College နှင့် King Mongkut's University of Technology Thonburi (KMUTT, Thailand) လက်အောက်ရှိ Graduate School of Management and Innovation (GMI) တို့ အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မေလ (၂၄) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။အဆိုပါ လက်မှတ်ရေးထိုးပွဲကို Strategy First International College ၏ Founder/President ဦးအောင်ချစ်ခင်၊ Vice President (Administration) ဦးအောင်ကျော်ဌေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး KMUTT မှလည်း President Dr.Suvit Saetia၊ Assistant Prof Dr.Voraphoch Angkasith (Dean of GMI) နှင့် အခြားတာဝန်ရှိသူများ အားလုံးတက်ရောက်ခဲ့ကြပါသည်။
Strategy First International College တွင် KMUTT ၏ Graduate School of Management and Innovation (GMI) မှ Master of Business Administration (MBA) Programmes များကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး အသေးစိတ်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။ Graduate School of Management and Innovation (GMI) သည် ကမ္ဘာ့အကောင်းဆုံး စီးပွားရေးကျောင်းများကို အသိအမှတ်ပြုပေးသော the Association to Advance Collegiate Schools of Business (AACSB) Accreditation ကိုလည်း ရရှိထားပါသည်။ထိုပွဲတွင် KMUTT President Dr. Suvit Saetia မှ Strategy First International College နှင့် အခြားသော ကွန်ပျူတာ နည်းပညာဆိုင်ရာပညာရပ်များကိုလည်း ပူးတွဲဖွင့်လှစ်လိုကြောင်း၊ Student and Faculty Exchange Programme များ ပူးပေါင်းပြုလုပ်နိုင်ကြောင်းကိုလည်း အကြံပြုဆွေးနွေးခဲ့ပါသည်။
--------------------------------------------------------
King Mongkut's University of Technology Thonburi (KMUTT) သည် ၁၉၆၀ ခုနှစ်ကတည်းက စတင်တည်ထောင်ထားပြီး Engineering၊ Technology၊ Architecture၊ Social Sciences၊ Management နှင့် Humanities ဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချလျက်ရှိပါသည်။ KMUTT သည် QS World University Ranking 2023 တွင် Ranked 801-1000 အတွင်းရှိပြီး US News Best Global Universities Ranking အရ ထိုင်းနိုင်ငံရှိ အကောင်းဆုံးတက္ကသိုလ်စာရင်းတွင် အဆင့် (၄) ရရှိထားသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026