Events > Academic & Other Events
Strategy First International College နှင့် AYA Bank တို့အကြား AYA Education Loan ဝန်ဆောင်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့
Strategy First International College မှ ကျောင်းသား၊ ကျောင်းသူများ အနာဂတ်ပညာရေးမှာ တစ်ဆင့်ပြီးတစ်ဆင့် အဆင်ပြေစွာတက်လှမ်းနိုင်ဖို့အတွက် Strategy First International College နဲ့ AYA Bank တို့ပူးပေါင်းပြီး AYA Education Loan ဝန်ဆောင်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို မေလ (၈) ရက်နေ့က Strategy First Panchan Tower Teaching Centre မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Strategy First International College မှ Founder & President ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ Director of Business Development ဒေါ်မေသက်နှင်း နဲ့ ဌာနအသီးသီးမှ အကြီးအကဲများ၊ AYA Bank မှ Chief Business Officer ဦးနေလင်းထွဋ် ၊ Director of Consumer Banking ဦးဇာနည်လင်း နဲ့ AYA bank မှ ဌာနအကြီးအကဲများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
ဆရာ ဦးအောင်ချစ်ခင်နဲ့ AYA Bank မှ Chief Business Officer ဦးနေလင်းထွဋ်တို့မှ ဝမ်းမြောက်စွာဖြင့် အဖွင့်အမှာစကားများပြောကြားခဲ့ပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ့ဒီနောက် Strategy First International College မှ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုအဆင်ပြေစေမယ့် AYA Education Loan ဝန်ဆောင်မှုများနဲ့ ပတ်သက်တဲ့ လိုအပ်သည်များကိုဆွေးနွေးကာ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြပါတယ်။ ယခုလို Strategy First မှ ကျောင်းသား၊ ကျောင်းသူများအတွက် AYA Education Loan ဝန်ဆောင်မှုပေးအပ်ဖို့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ AYA Bank မှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026