Events > Academic & Other Events
Strategy First International College (Mandalay) မှ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး နှစ်သစ်ကူး စတုဒိသာအလှူပွဲ ကျင်းပပြုလုပ်
မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှာ Strategy First International College (Mandalay) ရှိ UK ဘွဲ့ကြိုအတန်းများမှ Class Representative ကျောင်းသား၊ကျောင်းသူများနဲ့ Students’ Club အသီးသီးမှ Club Coordinator များ ဦးဆောင်ပြီး “နှစ်သစ်ကူး စတုဒိသာ” အလှူပွဲကို ဧပြီလ (၆) ရက်နေ့က Strategy First Manadalay Teaching Centre-3 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Music Club နဲ့ Myanmar Culture Club မှ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် Class Representative များ၊ Club Coordinators နဲ့ Assistant Coordinators များဦးဆောင်ပြီး Programme အသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ မုန့်လုံးရေပေါ်များ၊ မြန်မာမုန့်မျိုးစုံ၊ အအေးများနဲ့အတူ Strategy First International College မှ ဒိုးနတ်မုန့်များဖြင့် နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဒါ့အပြင် Programme အသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ယခုလို “နှစ်သစ်ကူး စတုဒိသာ” အလှူပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများ၊ တက်ရောက်ခဲ့ကြတဲ့ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Strategy First International College မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026