Events > Academic & Other Events
Strategy First International College (Mandalay) မှ ကျောင်းသား၊ကျောင်းသူများ သီတင်းကျွတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့
Strategy First International College (Mandalay) မှ ကျောင်းသား၊ ကျောင်းသူများရဲဥ သီတင်းကျွတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာစရိယပူဇော်ပွဲကို Strategy First International College ၏ နာယက ဆရာ၊ ဆရာမကြီးများ၊ ပါမောက္ခများ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများတက်ရောက်ခဲ့ပြီး ဆုံးမသြဝါဒစကားများပြောကြားခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူများမှလည်း ဆရာကြီး၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ပစ္စည်းများဖြင့် ဂါရဝပြုခဲ့ကြပါတယ်။
အဲ့ဒီနောက် UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး Strategy First Theme Song သီဆိုကာ အာစရိယပူဇော်ပွဲ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါတယ်။ ယခုလို အာစရိယပူဇော်ပွဲဖြစ်မြောက်အောင် တက်ရောက်ပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ UK ဘွဲ့ကြိုအတန်းများမှ အတန်းခေါင်းဆောင်များ၊ Students’ Club အသီးသီးမှ ကျောင်းသား/ သူများ နဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား/ သူများ၊ အာစရိယပူဇော်ပွဲကို တက်ရောက်ခဲ့ကြတဲ့ Strategy First Undergraduate Programme အသီးသီးမှ ကျောင်းသား/ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026