Events > Academic & Other Events
Strategy First International College Mandalay ၏ UK Bachelor’s Programmes ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ Strategy First Winter Games 2026
Strategy First Winter Games 2026 ကို ဖေဖော်ဝါရီလ (၈) ရက်နေ့၊ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Strategy First Winter Games 2026 ကို ကြည့်ရှုအားပေးဖို့ ရောက်ရှိလာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပွဲကြည့်စင်မှာ နေရာယူပြီးနောက် ဖွင့်ပွဲအခမ်းအနားကို စတင်နိုင်ဖို့အတွက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူတွေ၊ သက်ဆိုင်ရာအသင်းတွေနဲ့ ပြိုင်ပွဲကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူတွေနဲ့ Volunteers အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူတွေက အခမ်းအနားကျင်းပမယ့် ကွင်းအတွင်းမှာ အစီအစဉ်တကျ နေရာယူခဲ့ကြပါတယ်။
Strategy First International College - Founder & President ဆရာ ဦးအောင်ချစ်ခင်နဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ရှိသူများကနေပြီးတော့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်
လှစ်ပေးခဲ့ပါတယ်။
ဆရာ ဦးအောင်ချစ်ခင်ကနေ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးတော့ Strategy First Music Club ရဲ့ တေးသီချင်းတွေ သီဆိုဖျော်ဖြေတာတွေ၊ Strategy First Myanmar Culture Club ရဲ့ မြန်မာအကအလှ၊ Strategy First Dance Club ရဲ့ Cheerleader အကအလှတွေနဲ့ ကပြဖျော်ဖြေတာတွေနဲ့ ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါတယ်။
လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲ၊ ပူဖောင်းပုတ် အဝတ်ဝတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ အစရှိတဲ့ အားကစားနည်းတွေကို Strategy First ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ Strategy First ကျောင်းသားဘဝ ပျော်ရွှင်ဖွယ်ရာအမှတ်တရတွေကို ချစ်ခင်ရင်းနှီးစွာ ပါဝင်ဖြတ်သန်းခဲ့ကြပါတယ်။
အဆိုပါပြိုင်ပွဲအသီးသီးမှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ၊ ဆုကြေးများ ပေးအပ်ချီးမြှင့်ခဲ့ပြီး Strategy First Winter Games 2026 – The Opening Ceremony အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026