Events > Academic & Other Events
Strategy First International College Mandalay Career Bites: Quick-Connect Job Fair 2025
Strategy First International College Mandalay Career Bites: Quick-Connect Job Fair 2025
…………………….
Strategy First တွင် တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများအတွက် Strategy First International College Mandalay Career Bites: Quick-Connect Job Fair 2025 ကို အောက်တိုဘာလ (၂၄) ရက်နေ့ (သောကြာနေ့) ၌ နေ့လယ် (၁:၀၀) မှ (၄:၀၀) နာရီအထိ Strategy First Mingalar Mandalay Teaching Center-3 တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။။
Strategy First International College Mandalay Career Bites: Quick-Connect Job Fair 2025 ကျင်းပရခြင်းရည်ရွယ်ချက်
Strategy First International College စတင်ဖွင့်လှစ်ချိန်မှစတင်ပြီး တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ကျောင်းသူများအတွက် ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် နှင့် တည်ထောင်ချိန် (၂၀၁၀) ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါသည်။
Strategy First International College Mandalay Career Bites: Quick-Connect Job Fair 2025 တွင် Eager Communications Group Co.,Ltd, Remax MZ Myanmar, Sea Lion, AYA SOMPO Insurance, Strategy First Education Group စသည့် ကုမ္ပဏီများပါဝင်ခဲ့ကြပါသည်။ ပွဲတွင်ပါဝင်သော Compnay တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Q&A Session များပြုလုပ်ပေးခဲ့ပါသည်။ ယူဆောင်လာသော CV Form များဖြင့် အလုပ်များ လျှောက်ထားခဲ့ပြီး ကုမ္ပဏီများမှလည်း CV များကို ကြည့်ရှုစစ်ဆေးကာ Interview ဝင်ပေးခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမို ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: Quick-Connect Job Fair 2025 ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026