Events > Academic & Other Events
Strategy First International College Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်
Strategy First International College Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် (တနင်္ဂနွေနေ့) တွင် “Ibis Styles Hotel Mandalay” ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေ့လယ် (၁) နာရီတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် Strategy First တွင်ဖွင့်လှစ်ထားသော UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ “မြတ်ဆရာ” နှင့် “မြကျွန်းညိုညို” သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ဆရာကြီး ၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး Strategy First ၏ Founder and President ဖြစ်တဲ့ ဆရာ ဦးအောင်ချစ်ခင်၊ Dy. Vice President ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်းနှင့် ဘာသာရပ်ပြ ဆရာ၊ ဆရာမများ ဖြစ်ကြသော ဒေါ်မြမြတ်ဆင့်၊ ဒေါက်တာ ဦးဇင်မောင်မောင်တို့မှ အမှတ်တရ ဆုပေးစကားများကို ပြောကြားခဲ့ပါတယ်။ NCC Level 4 Diploma in Computing with Business Management အတန်းတွင် တက်ရောက်နေသော ကျောင်းသူ မသဲသီရိကျော်မှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
အစီအစဉ်အရ ဧည့်သည်အဆိုတော် မိစန္ဒီမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး Global Pathways International School- Mandalay မှ ကျောင်းသား၊ ကျောင်းသူများကလည်း Piano ဖြင့် တီးခတ်ဖျော်ဖြေပေးခဲ့ကာ UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ရိုးရာ အဆိုအကများ၊ အငြိမ့်ပြဇာတ်များနှင့် အခြားသော ခေတ်ပေါ်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ယခုလို Strategy First International College Mandalay အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားသို့ အချိန်ပေးပြီး တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026