Events > Industrial Visit

Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း

Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများသည် “Realme” ရုံးချုပ် သို့ ဇူလိုင်လ (၁၅) ရက်နေ့၌ သွားရောက်လေ့လာခဲ့ကြရာတွင် ကုမ္ပဏီ၏ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ခွန်းဆက်စကား နွေးထွေးစွာပြောကြားခဲ့ပြီး Realme ၏ တိုးတက်လာသော နည်းပညာများ၊ Products များအကြောင်းနှင့် လုပ်ငန်းခွင် စီမံခန့်ခွဲမှုများကို ပြောကြားရှင်းလင်းပေးခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်ခဲ့ကြပြီး “Realme” ရုံးချုပ် မှ တာဝန်ရှိသူများကလည်း အသေးစိတ်ပြန်လည် ဖြေကြားခဲ့ကြပါသည် 🙌

ယခုလို Strategy First ကျောင်းသား၊ ကျောင်းသူများကို လာရောက်လေ့လာခွင့်ပေးသည့် “Realme” မှ တာဝန်ရှိသူများအား Strategy First မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

“Realme” အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သော အစီအစဉ်အသစ်များဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်အစီအစဉ်များမှာလည်း အောင်မြင်မှုများရရှိပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။