Events > Academic & Other Events
Strategy First International College ၏ UK Bachelor’s Programmes အသီးသီးတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပါဝင် ဆင်နွှဲခဲ့သည့် “ပဉ္စမအကြိမ်မြောက် ထမနဲပွဲ”
Strategy First International College ၏ UK Bachelor’s Programmes အသီးသီးတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပါဝင် ဆင်နွှဲခဲ့သည့် “ပဉ္စမအကြိမ်မြောက် ထမနဲပွဲ” 

Strategy First International College ၏ UK Bachelor’s Programmes အသီးသီးတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပါဝင် ဆင်နွှဲခဲ့သည့် “ပဉ္စမအကြိမ်မြောက် ထမနဲပွဲ” ကို ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ဗားကရာတောရကျောင်းတိုက် (Strategy First Teaching Centre – 2, Uwisara Campus အနီးရှိ) ၌ နေ့လည် (၁:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲပွဲတွင် Strategy First ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင်သော အဖွဲ့ (၁၂) ဖွဲ့မှ (၆) ဖွဲ့ - တစ်သုတ်စီ ခွဲကာ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကာ ထမနဲများကို Strategy First ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများမှ အတူတကွ မျှဝေစားသုံးခဲ့ကြပါသည်။
ယခုလို မြန်မာ့ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် “တပို့တွဲလ - ထမနဲပွဲ” ကို ပျော်ရွှင်သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် Strategy First ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများအားလုံးကို Strategy First International College မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026