Events > Academic & Other Events
Strategy First International College – Chinese New Year Event
Strategy First Chinese Culture Society ရဲ့ ကျောင်းသူ၊ကျောင်းသားတွေ ဦးဆောင်ကျင်းပတဲ့ Chinese New Year Event လေးကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ Strategy First Panchan Tower Teaching Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီ တရုတ်နှစ်ကူးအခမ်းအနားလေးကို ဆရာ ဦးအောင်ချစ်ခင် (Founder & President of Strategy First International College) ကနေ နှစ်ကူးဆုတောင်းစကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး Strategy First Music Club နဲ့ Global Pathways International School Music Club တိုရဲ့ ကျောင်းသူ၊ ကျောင်းသားများ သီဆိုဖျော်ဖြေတဲ့ တေးသီချင်းတွေ၊ Guest Singer ‘အဆိုတော် ကိုဖြိုး’ ရဲ့ သီဆိုဖျော်ဖြေမှုတွေကို အတူတကွ နားဆင်ခဲ့ကြပါတယ်။
နှစ်ကူးမင်္ဂလာမှာ ချမ်းသာကြွယ်ဝခြင်း၊ ကံကောင်းခြင်းများ ယူဆောင်လာစေရန် ရည်ရွယ်ပြီး တရုတ်ရိုးရာ ခြင်္သေ့အကဖြင့် Teaching Centre Campus အနှံ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ Strategy First Dance Club ကနေပြီးတော့လည်း တရုတ်မင်းသမီးလေးများသဖွယ် အကအလှများနဲ့ အခမ်းအနားကို အရောင်အသွေး ပိုမိုစုံလင်စေခဲ့ပါတယ်။
တရုတ်ရိုးရာ Hanfu ဝတ်စုံလေးတွေနဲ့အတူ နန်းတွင်းဆန်ဆန် ဓါတ်ပုံလေးတွေ ရိုက်ကူးနိုင်ဖိုအတွက် စီစဉ်ထားတဲ့ Photobooth မှာ Strategy First Photography Club ကနေ အမှတ်တရဓါတ်ပုံလှလှလေးတွေ ရိုက်ကူးပေးခဲ့ပါတယ်။ နှစ်ကူးပွဲလေးကို ရောက်ရှိလာကြတဲ့ Strategy First ကျောင်းသူ၊ ကျောင်းသားတွေကို တရုတ်ရိုးရာအစားအစာများ၊ မုန့်များနဲ့ ဧည့်ခံကျွေးမွေးခဲ့ပြီးတော့ ဆရာ ဦးအောင်ချစ်ခင် မှလည်း နှစ်ကူးလက်ဆောင် Hong Bao တွေကို မျှဝေပေးခဲ့ပါတယ်။
ယခုလို Strategy First International College - Chinese New Year Event ကို တက်ရောက်ပါဝင်ပေးခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများ၊ ပွဲဖြစ်မြောက်အောင် ကူညီအားဖြည့်ပေးခဲ့ကြတဲ့ Strategy First Clubs and Societies များကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ နှစ်သစ်မှာ ချမ်းသာကြွယ်ဝခြင်း၊ ကံကောင်းခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026