Events > Academic & Other Events
Strategy First International College Chinese Culture Society မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ပြီး “Strategy First Chinese New Year Event 2024” ကျင်းပပြုလုပ်
Strategy First International College မှ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေတဲ့ Strategy First Chinese Culture Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “Strategy First Chinese New Year Event 2024” ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က Strategy First Panchan Tower Teaching Centre တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First International College ရဲ့ Founder/ President ဆရာဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Deputy Vice President (Faculty of IT and Engineering) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေးနှင့် ဆရာ၊ ဆရာမများမှ တက်ရောက်အားပေးခဲ့ကြပါတယ်။
အဆိုပါပွဲမှာ တရုတ်ရိုးရာ ခြင်္သေ့အကအလှများဖြင့် ကျောင်းဝန်းအတွင်း လှည့်လည်ကပြဖျော်ဖြေခဲ့ကြပြီး နှစ်သစ်ကူးဆုတောင်းကန်တော့ခဲ့ကြပါတယ်။ ဒါ့အပြင် ကြွရောက်လာသူများကို SFU Dance Club မှ ကပြဖျော်ဖြေခဲ့ပြီး Strategy First Music Club နဲ့ Strategy First International College ကျောင်းသားဟောင်း “ကိုဖြိုးငြိမ်းဇော်” မှလည်း တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ လာရောက်အားပေးခဲ့ကြတဲ့Strategy First International College ရှိ UK ဘွဲ့ကြိုအတန်းမှ ကျောင်းသား/ သူများ၊ Global Pathways International School (GPIS-Yangon) မှ ကျောင်းသား/သူများကို နှစ်သစ်ကူးမုန့်ဖိုးများ ပေးဝေခဲ့ပြီး တရုတ်ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ Strategy First Photography Club မှလည်း တရုတ်ရိုးရာဝတ်စုံများနဲ့ အမှတ်တရဓာတ်ပုံများကို ရိုက်ကူးပေးခဲ့ပါတယ်။ ယခုလို “Strategy First Chinese New Year Event 2024” ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတဲ့ Strategy First Chinese Culture Society မှ ကျောင်းသား/ သူများ၊ တရုတ်တေးသီချင်းများကို မေတ္တာဖြင့် လာရောက်သီဆိုပေးခဲ့တဲ့ Strategy First International College ကျောင်းသားဟောင်း “ကိုဖြိုးငြိမ်းဇော်”၊ ဖျော်ဖြေရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ Strategy First Dance Club, Strategy First Music Club၊ အမှတ်တရဓာတ်ပုံများ ကူညီရိုက်ကူးပေးတဲ့ Strategy First Photography Club၊ တက်ရောက်အားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများနဲ့ Strategy First International College , GPIS မှ ကျောင်းသား/သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026