Events > Career Bites

🎯 Strategy First International College Career Bites: Becoming Career Ready

🎓 Strategy First International College ၏ ကျောင်းသား၊ ကျောင်းသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်ချိတ်ဆက်မှုများ ရရှိစေရန် နှင့် Strategy First မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ Strategy First International College Career Bites: Becoming Career Ready ကို စက်တင်ဘာလ (၂၆) ရက်နေ့ (စနေနေ့) ၌ နေ့လယ် (၁၁:၃၀) မှ (၃:၃၀) နာရီအထိ Strategy First Teaching Centre (1) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

🏢 Strategy First International College Career Bites: Becoming Career Ready တွင်

🔸 AYA SOMPO Insurance
🔸 KBZ Bank
🔸 Peace Myanmar Holding Co.,Ltd
🔸 Shwe Taung Co.,Ltd
🔸 Strategy First Education Group

စသည့် ကုမ္ပဏီများ ပါဝင်ခဲ့ကြပါသည်။

🎤ပွဲတွင်ပါဝင်သော Company တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Q&A Session များပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် ပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများ ယူဆောင်လာသော CV Form များကို သတ်မှတ်ထားသော အခန်းများတွင် တင်ခဲ့ကြပြီး၊ ကုမ္ပဏီများမှ CV များကို ကြည့်ရှုစစ်ဆေးကာ Interview ဝင်ပေးခဲ့ပါသည်။

🙏 ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: Becoming Career Ready ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️

#StrategyFirst #UKBachelorProgrammes #BusinessManagement #Computing #ComputerScience #CivilEngineering