Events > Graduation Ceremonies
Strategy First Institute ၏ ပထမ အကြိမ်မြောက် Graduation Ceremony အခမ်းအနားအောင်မြင်စွာကျင်းပ
Strategy First Institute ၏ Graduation Ceremony 2017 ဒီပလိုမာပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၂)ရက်နေ့ (တနင်္ဂနွေနေ့)၊ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ၊ ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ The Strand Hall, Strand Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Strategy First Institute ၏ နာယက ဆရာမကြီးများဖြစ်ကြသော ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ ဒေါက်တာဒေါ်ခင်အုန်းသန့်၊ Founder and Managing Director ဖြစ်သော ဆရာ ဦးအောင်ချစ်ခင် ၊ Academic Director ဆရာကြီးဒေါက်တာဦးစိန်မင်းနှင့် တခြားသော ဆရာကြီး၊ ဆရာမကြီးများနှင့် NCC Level 4 Diploma in Business ဖြေဆိုအောင်မြင်ထားသော ကျောင်းသား ၊ ကျောင်းသူများ၊ မတ်လနှင့်ဇွန်လတွင် ဖြေဆိုအောင်မြင်ထားသော ICM ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Strategy First Graduation Ceremony 2017 အခမ်းအနားကို ဆရာမကြီး ဒေါက်တာဒေါ်လှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခဲ့သည်။ ထို့နောက်တွင် NCC Level 4 Diploma in Business အောင်မြင်စွာဖြေဆိုထားသော ကျောင်းသားကျောင်းသူများ၊ ICM Single Subject Diploma ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာလက်မှတ်များချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ဆရာကြီး၊ ဆရာမကြီး များ ၊ ကျောင်းသား၊သူများ နှင့် မိဘများကို အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး ပျော်ရွင်ဂုဏ်ယူဖွယ်ကောင်းသော ပုံရိပ်များကို အမှတ်တရတင်ပြရင်း ပညာကို တန်ဖိုးထားသော ကျောင်းသား /သူများကို Strategy First မှ နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းတင်ပြလိုက်ပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026