Events > Academic & Other Events
Strategy First Forum 2019 : Driving Growth အောင်မြင်စွာကျင်းပပြီးစီး
Strategy First ၏ ပဉ္စမအကြိမ်မြောက် နှစ်စဉ်ဆွေးနွေးပွဲ Strategy First Forum 2019 ကို ဖေဖော်ဝါရီလ (၁၀)ရက် တနင်္ဂနွေနေ့ အမျိုးသားကဇာတ်ရုံတွင် "Driving Growth" ခေါင်းစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
စီးပွားရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ အထူးဧည့်သည်တော်ကြီးများမှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Strategy First မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ပါသည်။
Strategy First တွင် တက်ရောက်နေသောကျောင်းသား၊ကျောင်းသူဟောင်း/သစ် များ၏ စဉ်ဆက်မပြတ်လေ့လာခြင်းကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နယ်ပယ်ပေါင်းစုံမှ ဆရာကြီး၊ဆရာမကြီးများ၊ ပညာရှင်ကြီးများ ၏ အတွေ့အကြုံ၊ဗဟုသုတနှင့် ကျွမ်းကျင်မှုကို အခြေခံသည့် ဆွေးနွေးဟောပြောမှုများဖြင့် Forum ကြီးကိုကျင်းပခြင်းဖြစ်ပါသည်။
Strategy First Forum 2019 တွင်ဟောပြောဆွေးနွေးပေးပါသော ဆရာကြီး၊ ဆရာမကြီးများနှင့် အထူးဧည့်သည်တော်ကြီးများ၊ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များ၊ မီဒီယာမှ မိတ်ဆွေများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ၊ အခမ်းအနားမှူးအဖြစ်ကူညီပေးသော ကျောင်းသူဖြစ်သည့် မမေလှိုင်းဖြူ၊ ကျောင်းသား ကျောင်းသူများ အတွက် စားသောက်ဖွယ်ရာများ လာရောက် ရောင်းချပေးပါသော Premier Coffee, Wah Lah Instant Noodle, CP, ပန်းစွယ်တော်, Sushi Mikado မေတ္တာဖြင့် ကူညီပေးပါသော Royal D, KIA တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Driving Growth ခေါင်းစဉ်ကို အခြေခံကာ ကျင်းပပြုလုပ်သည့် ယခု Forum ကြီးသည် Strategy First ၏ ၅ ကြိမ်မြောက် Forum ပွဲကြီးဖြစ်ပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026