Events > Academic & Other Events
Strategy First Festival 2025 (Student Success and Innovation) အခမ်းအနား
Strategy First Festival 2025 (Student Success and Innovation) အခမ်းအနားမှ အမှတ်တရပုံရိပ်များ
.................

ဇွန်လ (၈) ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သော Strategy First Festival 2025 (Student Success and Innovation) Morning Session မှ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။
Morning Session တွင်
- ယနေ့ခေတ် လူငယ်များအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကို အတွေ့အကြုံရှိ ဝါရင့် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများမှ ၁၀ မိနစ်အတွင်း ထိရောက်စွာ ဟောပြောပို့ချပေးခဲ့သည့် “10-Minute Power Talks” အစီအစဉ်၊
- Global Pathways International School တွင် တက်ရောက်နေသော ကျောင်းသူများ၏ “ဗုဒ္ဓပူဇနိယ ဆီမီးခွက်” အက အလှများ၊
- Strategy First Dance Club မှ ကျောင်းသား၊ ကျောင်းသူများ၏ “အပျိုတော်အကနှင့် သန့်စင်ဓမ္မ ပုဂါရာမ” ပုဂံခေတ် ပူဇော်ဟန်အကဖြင့် ဖျော်ဖြေခြင်း၊
- Mobile Application Plan Competition Plan 2024, AI Hackathon 2025, Business Plan 2024 တို့တွင် “Winner” ဆုရရှိခဲ့ကြသူများ၏ ပြိုင်ပွဲ အတွေ့အကြုံများကို မျှဝေခြင်း၊
- Strategy First တွင် တက်ရောက်နေသော UK ဘွဲ့ကြိုအတန်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ Innovation Project Showcase များ၊
- Global Pathways International School မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသံသာများဖြင့် ဖျော်ဖြေခြင်း၊
- UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ၏ “Ballroom Dance”အကအလှများဖြင့် တင်ဆက်ခြင်း၊
- Strategy First Music Club မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊
- UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်ပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြသော President’s List ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားမှု အတွေ့အကြုံများ မျှဝေခြင်းနှင့်
- တေးသံရှင် မိစန္ဒီ၏ သီဆိုဖျော်ခြင်း
အစရှိသည့် အစီအစဉ်များပါဝင်ခဲ့ပါသည်။

ဒါ့အပြင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် Strategy First နှင့် မိတ်ဖက်ပြုလုပ်ထားသော ထိပ်တန်းကုမ္ပဏီများနှင့် Job Fair ကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး

ပွဲအတွင်းစားသောက်ဆိုင်များ၊ SME လုပ်ငန်းရှင်များ၏ စားသောက်ကုန်၊ အ၀တ်အထည်များနှင့် Accessories အရောင်းဆိုင်များလည်း ပါဝင်ရောင်းချခဲ့ကြပါသည်။ 
“Strategy First Festival 2025” အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ Guest Speaker များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် မိတ်ဆွေများ အားလုံးကို Strategy First မှ ကျေးဇူးအထူးပင်တင်ရှိပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026