Events > Graduation Ceremonies
Strategy First ၏ စတုတ္ထအကြိမ်မြောက် Graduation Ceremony 2022 အခမ်းအနား အောင်မြင်စွာကျင်းပ
Strategy First ရဲ့
- ICM Single Subject Diploma
- ABE Level 6 Diploma in Business Management
- NCC Level (4) Diploma in Business
- NCC Level (4) Diploma in Business IT
- NCC Level (5) Diploma in Business
- HND in Business Management နှင့်
- Heriot-Watt University, Edinburgh Business School, UK မှ ပေးအပ်ချီးမြင့်သော Master in Business Administration ဘွဲ့များ
ကိုအောင်မြင်ခဲ့ကြသူများအတွက် ဒီပလိုမာပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇွန်လ(၂၄) (၂၅) (၂၆) ရက်များတွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon တွင် အပိုင်း (၃) ပိုင်းခွဲကာ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့် ၊ President/Managing Director ဖြစ်သော ဆရာ ဦးအောင်ချစ်ခင် ၊ Vice President (Academic) ဆရာကြီးဒေါက်တာဦးစိန်မင်း နှင့် တခြားသော ဆရာကြီး၊ ဆရာမကြီးများနှင့် NCC Level (4) & Level (5) Diploma in Business ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ ၊ NCC Level (4) Diploma in Business IT ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား ၊ ကျောင်းသူများ ၊ ABE Level 6 Diploma in Business Management ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ ၊ ICM Single Subject Diploma ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ နှင့် Heriot-Watt University, Edinburgh Business School, UK မှ ပေးအပ်ချီးမြှင့်သည့် Master in Business Administration ကိုအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ အပါအဝင် မိဘများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ဆရာဦးအောင်ချစ်ခင်မှ အဖွင့်မှာစကားပြောကြားပေးခဲ့ပြီး ၊ Strategy First ၏ နာယက ဆရာမကြီး ဒေါက်တာဒေါ်လှမြင့်မှ ဆုံးမသြဝါဒစကား နှင့် အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခဲ့ပါသည်။ ဘွဲ့ ရကျောင်းသား ကျောင်းသူများ တစ်ဦးချင်းစီကို ဒီပလိုမာများပေးအပ်ပြီးနောက် Vice President (Academic) ဒေါက်တာဦးစိန်မင်းမှ ဂုဏ်ပြုစကားများပြောကြားပေးခဲ့ပါသည်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026