Events > Academic & Other Events
Strategy First - Bangkok Business Innovation Tour
Strategy First International College ရဲ့ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူတွေ ပြင်ပ အတွေ့အကြုံ ရရှိစေရန်၊ စီးပွားရေးအမြင်များ တိုးတက်လာစေရန်၊ ဒေသန္တရဗဟုသုတများ တိုးပွားလာစေရန်နှင့် Strategy First ကျောင်းသားဘဝ ပျော်ရွှင်ဖွယ် အမှတ်တရများ ထင်ကျန်စေရန် ရည်ရွယ်ပြီး Bangkok Business Innovation Tour ကို မတ်လ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ သွားရောက် လေ့လာလည်ပတ်ခဲ့ကြပါတယ်။
Bangkok မြို့ရှိ Kincaid International School နဲ့ Liberty Global Language and Business School တို့ဆီ သွားရောက်ပြီး နိုင်ငံတကာပညာရေးလုပ်ငန်းများ လည်ပတ်နေကြပုံကို လေ့လာခဲ့ကြပါတယ်။ထိုင်းနိုင်ငံရဲ့ အထင်ကရ မြဘုရား (Emerald Buddha) , Grand Palace, Safari World, Dream world စတဲ့နေရာများကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ဒီခရီးစဉ်ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် စီးပွားရေးအမြင်တွေ တိုးတက်စေရုံတင်မကဘဲ ရင်းနှီးမှုတွေလည်း တိုးပွါးစေခဲ့ပါတယ်။
Bangkok Business Innovation Tour ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော Strategy First ကျောင်းသား၊ ကျောင်းသူများနှင့် ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026