Events > Academic & Other Events
“Sharing Joy, Creating Memories” - Strategy First International College Mandalay Christmas Event
“Sharing Joy, Creating Memories” - Strategy First International College Mandalay Christmas Event
Strategy First International College Mandalay UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သည့် “Sharing Joy, Creating Memories” Christmas Event အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် Cookie များဖြင့် ဧည့်ခံကာ Christmas သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် Christmas အတွက် ဖန်တီးထားသော Backdrop တွင် Christmas Tree, Santa Hats & Beards စသည့် Props များဖြင့် အလှဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အရောင်ခြယ်ကတ်ပြုလုပ်ပုံများ သင်ယူကာ Christmas အတွက် အမှတ်တရ ဆုတောင်းမေတ္တာစကားများ နွေးထွေးသိုက်ဝန်းစွာ ရေးသားခဲ့ကြပါသည်။ ကျောင်းသားများအချင်းချင်း လက်ဆောင်လဲလှယ်ခြင်းအစီအစဉ်ကို ပျော်ရွှင်စွာ အတူတကွလုပ်ဆောင်ခဲ့ကြပြီးနောက် Christmas Blind Box (၃) ခုကို ကံစမ်းမဲဖောက်ကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။
ယခုလို “Sharing Joy, Creating Memories” Strategy First Christmas Event ပွဲလေးဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အချိန်ပေးပြီး လာရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Merry Christmas to You All!
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026