Events > Academic & Other Events
SFU Marketers’ Networking Event
Strategy First University (၁၃) နှစ်ပြည့် အကြို အထိမ်းအမှတ်အနေနဲ့ Marketing (သို့) Marketing နဲ့ ဆက်စပ်တဲ့ ဘာသာရပ်များ တက်ရောက်ထားဖူးသူများအတွက် SFU Marketers’ Networking Event ကို Strategy First University Teaching Centre (1) ပြည်လမ်းကျောင်းမှာ အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ယနေ့ခေတ် Marketing လောကမှာ AI ရဲ့ အရေးပါပုံ၊ လုပ်ငန်းထိရောက်စွာ အသုံးချနိုင်မှု၊ အားသာချက် အားနည်းချက် စတဲ့ အကြောင်းအရာများ၊ AI ကို အသုံးချပြီး Consumer Insights မှာ ထိရောက်စွာ အသုံးချနိုင်မှု စတဲ့ အကြောင်းအရာများကို ဆရာကြီးများနဲ့ ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးပို့ချခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ In Person နဲ့ Online အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း Group များဖွဲ့ပြီး မိမိတို့ရဲ့ အတွေးအခေါ် သစ်များကို ပေါင်းစပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါပွဲမှာ ပါဝင်အားဖြည့်ပေးကြတဲ့ Royal-D, The Pizza Company နဲ့ P1 Popcorn တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ Company Show Case အနေနဲ့ ပါဝင်ပေးကြတဲ့ Toe Tet Aung Printing နဲ့ Level Up Marketing Group ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
အလားတူ HR , Finance, Logistics, Construction, Project, Entrepreneurship စတဲ့ အကြောင်းအရာများတဲ့ ပတ်သက်တဲ့ Networking Event များကိုလည်း အလျဥ်းသင့်သလို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026