Events > Academic & Other Events

🎯✨ Market Master Junior — Learning Business Through Experience

📚 Business Knowledge တွေကို စာသင်ခန်းထဲက Theory တွေနဲ့ပဲ မရပ်ဘဲ ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်ဆုံးဖြတ်ပြီး လက်တွေ့ခံစားသင်ယူနိုင်ဖို့ Strategy First International College မှာ Market Master Junior — Entrepreneurship Business Game ကို ကျောင်းသား၊ ကျောင်းသူများနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။

🏢 ဒီ Program မှာ ကျောင်းသား၊ ကျောင်းသူတွေဟာ Team တစ်ခုချင်းစီနဲ့ ကိုယ်ပိုင် Company တစ်ခုကို ဦးဆောင်နေသလို ပါဝင်ကစားရင်း Capital ကိုဘယ်လိုစီမံမလဲ၊ Production ကိုဘယ်လိုဆုံးဖြတ်မလဲ၊ Cost နဲ့ Price ကိုဘယ်လိုတွက်ချက်မလဲ၊ Market အပြောင်းအလဲတွေကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာတွေကို လက်တွေ့စမ်းသပ်လေ့လာခဲ့ကြပါတယ်။

💡 ဒီ Game ကနေတစ်ဆင့် Decision တစ်ခုချင်းစီက Business Result ကို ဘယ်လိုသက်ရောက်စေတယ်ဆိုတာ ကိုယ်တိုင်တွေ့ကြုံရတာကြောင့် Business Thinking, Financial Decision Making, Teamwork, Leadership နဲ့ Problem Solving Skills တွေကို ပိုမိုနားလည်လာစေတဲ့ Learning Experience တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

🚀 Strategy First International College အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Academic Knowledge သာမက အနာဂတ်မှာ လက်တွေ့အသုံးချနိုင်မယ့် Skills တွေကိုပါ Experience-Based Learning ကနေ ရရှိစေဖို့ အမြဲအားပေး ပေးလျက်ရှိပါတယ်။

🤝 ဒီအစီအစဉ်ကို အတူတကွ ဖန်တီးပေးခဲ့တဲ့ Yangon Region Young Entrepreneurs Association (YRYEA) နှင့် Program တစ်လျှောက် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ အားတက်သရော ပါဝင်ပေးခဲ့ကြတဲ့ YRYEA Market Master Volunteer Team ကိုလည်း Strategy First International College မှ ကျေးဇူးအထူးတင်ရှိပါတယ်။ ❤️