Events > Academic & Other Events

Digital Entrepreneurship Empowerment Program Launch Event ကျင်းပပြုလုပ်ခဲ့

Digital Entrepreneurship Empowerment Program Launch Event ကျင်းပပြုလုပ်ခဲ့

………………………………..

အနာဂတ် စီးပွားရေးတိုးတက် ပြောင်းလဲမှုများတွင် နည်းပညာသစ်များကို ပေါင်းစပ်ထည့်သွင်းပြီး ဦးဆောင်နိုင်မည့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ အမေရိကန်သံရုံးမှ ဦးဆောင်ပြီး Strategy First International College မှ ပူးပေါင်းပါဝင်ကူညီကာ Digital Entrepreneurship Empowerment Program ကို ဇန်နဝါရီလ (၁၀) ရက်နေ့တွင် Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲတွင်

- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ Public Affairs Officer ဖြစ်သူ Mr. Felix Salazar မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက်

- ဆရာကြီး ပါမောက္ခ Dr. U Aung Tun Thet မှ အဖွင့် Keynote Speech ဟောပြောခြင်း၊

- Strategy First International College ၏ ဒုဥက္ကဌ ဦးအောင်ကျော်ဌေး မှ Digital Entrepreneurship Empowerment Program တစ်လျှောက်ပြုလုပ်သွားမည့် Seminar Series များ နှင့် Hackathon ပြိုင်ပွဲ စသည့်အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊

- ဆရာ U Win Thu Aung မှ Building Resilient Entrepreneurs in a Rapidly Changing Digital World ခေါင်းစဥ်ဖြင့် ဟောပြောပို့ချခြင်း၊

- Digital Entrepreneurship ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဆရာ ဦးအောင်ချစ်ခင် (Founder and President, Strategy First International College) မှ Moderator အဖြစ်ဆောင်ရွက်ကာ ဒေါက်တာ ဒေါ်ပို့ပို့ကြည် (Founder and Vice Chancellor, Myanmar Imperial College)၊ ဒေါက်တာ ဦးဝင်းထိန်ဝင်း (Founder and President, GUSTO College) တို့မှ ဆွေးနွေးခြင်းနှင့်

- ပွဲလာရောက်သူများအတွက် Strategy First International College မှ Virtual Reality စမ်းသပ်ကြည့်ရှုနိုင်သည့် အစီအစဉ်များ ပါဝင်ခဲ့ပါသည်။

ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးခဲ့ကြသူများကို အသိအမှတ်ပြု Certificate များပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါသည်။

ပွဲသို့တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် Volunteer အဖြစ်ပါဝင်ကူညီခဲ့ကြသော Strategy First International College တွင် UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။