Events > Academic & Other Events
Circular Economy Entrepreneurship & New Business Planning (Two-Day Free Workshop)
Strategy First International College မှာ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ Circular Economy ကို အခြေခံပြီး လုပ်ဆောင်ခြင်းများကို စာတွေ့တင်မက လက်တွေ့ပါ သိရှိနားလည်စေဖို့အတွက် “Circular Economy Entrepreneurship & New Business Planning” ခေါင်းစဉ်ဖြင့် နှစ်ရက်တာ အခမဲ့ Workshop ကို မတ်လ (၁၄) (၁၅) ရက်နေ့က Strategy First Teaching Centre 1 (Pyay Road) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Circular Economy နဲ့ Entrepreneurship ဆိုသည့် Concept (၂) မျိုးကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ စီပွားရေးလုပ်ငန်း အခြေခံကိုတည်ဆောက်နိုင်မယ့် နည်းလမ်းကောင်းများကို Strategy First International College ရဲ့ Founder/ President ဆရာ ဦးအောင်ချစ်ခင်မှ ဆွေးနွေးပို့ချပေးခဲ့ပါတယ်။
အဆိုပါ Two-Day Free Workshop ကို အမေရိကန် တက္ကသိုလ် Rochester Institute of Technology (RIT) နဲ့ Strategy First တို့အကြား Circular Economy ဆိုင်ရာ ပညာပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှု ချုပ်ဆိုထားခြင်း ပထမအဆင့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ Strategy First International College မှာ Rochester Institute of Technology မှ Circular Economy, Entrepreneurship, Management နဲ့ Business Administration ပညာရပ်သင်ရိုးများကို ပူးတွဲကာ မကြာမီ ဖွင့်လှစ်တော့မှာဖြစ်ပြီး အသေးစိတ်ကို ထပ်မံကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။
Latest News
Strategy First AI Hackathon 2026
23 June, 2026
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026