Events > Academic & Other Events
"၁၆ နှစ်တာခရီးမှသည်... အောင်မြင်မှုပေါင်းများစွာဆီသို့"
ဒီနေ့ဟာ Strategy First International College ရဲ့ ၁၆ နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ဒီနေ့မနက်ပိုင်းမှာတော့ Strategy First ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ ကျောင်းသား/သူဟောင်းများ၊ လက်ရှိကျောင်းသား/သူများ၊ ဆရာ/မများအားလုံး ဘေးအန္တရာယ်ကင်းဝေးစေဖို့ ရည်စူးပြီး သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
၁၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ Strategy First Founder ဆရာဦးအောင်ချစ်ခင်နှင့်တကွ ဆရာကြီး/ဆရာမကြီးတို့ကလည်း ကျောင်းရဲ့ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းနဲ့ ရှေ့ဆက်သွားမယ့် ပညာရေးမျှော်မှန်းချက်တွေကို လမ်းညွှန်သြဝါဒစကားများပြောကြားပေးခဲ့ပါသည်။ ညနေပိုင်းမှာတော့ SFEG မိသားစုဝန်ထမ်းများအားလုံး ပျော်ပျော်ပါးပါး ဂုဏ်ပြုညစာ အတူတူသုံးဆောင်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါသည်။
၁၆ နှစ်တာကာလပတ်လုံး ကျွန်တော်တို့အပေါ် ယုံကြည်အားကိုးခဲ့ကြတဲ့ မိဘများနှင့် ကျောင်းသား/သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်ပြီးတော့လည်း အရည်အသွေးမြင့်မားတဲ့ ပညာရေးဝန်ဆောင်မှုတွေနဲ့အတူ အကောင်းဆုံးခြေလှမ်းတွေကို ဆက်လှမ်းသွားပါဦးမည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026