Events > Academic & Other Events
"၁၆ နှစ်တာခရီးမှသည်... အောင်မြင်မှုပေါင်းများစွာဆီသို့"
ဒီနေ့ဟာ Strategy First International College ရဲ့ ၁၆ နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ဒီနေ့မနက်ပိုင်းမှာတော့ Strategy First ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ ကျောင်းသား/သူဟောင်းများ၊ လက်ရှိကျောင်းသား/သူများ၊ ဆရာ/မများအားလုံး ဘေးအန္တရာယ်ကင်းဝေးစေဖို့ ရည်စူးပြီး သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
၁၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ Strategy First Founder ဆရာဦးအောင်ချစ်ခင်နှင့်တကွ ဆရာကြီး/ဆရာမကြီးတို့ကလည်း ကျောင်းရဲ့ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းနဲ့ ရှေ့ဆက်သွားမယ့် ပညာရေးမျှော်မှန်းချက်တွေကို လမ်းညွှန်သြဝါဒစကားများပြောကြားပေးခဲ့ပါသည်။ ညနေပိုင်းမှာတော့ SFEG မိသားစုဝန်ထမ်းများအားလုံး ပျော်ပျော်ပါးပါး ဂုဏ်ပြုညစာ အတူတူသုံးဆောင်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါသည်။
၁၆ နှစ်တာကာလပတ်လုံး ကျွန်တော်တို့အပေါ် ယုံကြည်အားကိုးခဲ့ကြတဲ့ မိဘများနှင့် ကျောင်းသား/သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်ပြီးတော့လည်း အရည်အသွေးမြင့်မားတဲ့ ပညာရေးဝန်ဆောင်မှုတွေနဲ့အတူ အကောင်းဆုံးခြေလှမ်းတွေကို ဆက်လှမ်းသွားပါဦးမည်။
Latest News
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ၂၀၂၆ အခမ်းအနား မှ အမှတ်တရပုံရိပ်များ
18 October, 2026
🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
22 October, 2026
🎯 Strategy First International College Career Bites: Becoming Career Ready
21 October, 2026
🎯✨ Market Master Junior — Learning Business Through Experience
17 October, 2026
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026