SFU Professional Diploma in Digital Business

09-250717168 09-250717166

ဘာသာရပ်အကြောင်း


ဒစ်ဂျစ်တယ် နည်းပညာများအကြောင်း၊ လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ် နည်းပညာ၏ အကျိုး သက်ရောက်မှုများ၊ Digital Business Model များကို တည်ဆောက်ပြီး လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ပုံဖော်ဆောင်ရွက်ခြင်းတို့ကို လေ့လာရမှာ ဖြစ်ပါသည်။ Professional Diploma in Digital Business အတန်းတွင် ဒစ်ဂျစ်တယ် အသွင် ကူးပြောင်းခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် အသစ်ပေါ်ပေါက်လာသည့် နည်းပညာများ ကိုလည်း သင်ကြားရပါမည်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ဂေဟစနစ်နှင့် ဒစ်ဂျစ်တယ် လုပ်ငန်းများ အောင်မြင်မှုရရှိစေရန် လုပ်ငန်းပြိုင်ဆိုင်မှု အားသာမှု ရရှိစေရန်အတွက် ပြည့်စုံကောင်းမွန်သည့် ဒစ်ဂျစ်တယ် နည်းဗျူဟာများ အကောင်အထည် ဖော်နိုင်စေရန် လုပ်ငန်းတိုးတက်မှုနှင့် ရေရှည်တည်တံ့ရန် အတွက် ချမှတ်ထားသည့် Strategic Plan များတွင် ဒစ်ဂျစ်တယ် နည်းပညာများကိုပါ ထည့်သွင်း စဉ်းစားတတ်စေရန် အတွက်လည်း သင်ကြားရမည် ဖြစ်ပါသည်။

ဘယ်သူတွေတက်ရောက်သင့်လဲ


မိမိလုပ်ငန်းကို Digital platform များနှင့် ချိတ်ဆက်လုပ်ကိုင်လိုသော လုပ်ငန်းရှင်များနှင့် Digital Business Model တည်ဆောက်ရန်အတွက် စိတ်ဝင်စားသူများ Digital Business နယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နေသော /လုပ်ကိုင်လိုသော ကုမ္ပဏီ ဝန်ထမ်းများ ဒစ်ဂျစ်တယ်မဟာဗျူဟာများကို ချမှတ်လိုသော Technological Officer များ တက်ရောက်သင့် သည့် Programme တစ်ခု ဖြစ်ပါသည်။

SFU Professional Diploma in Digital Business


ဘာသာရပ်တွင် အသေးစိတ်သင်ကြားရမည့် ခေါင်းစဉ်များမှာ

Module - 1 Digital Technologies in Business

Module - 2 Digital Business Model

Module - 3 Digital Business

Module - 4 Digital Platforms, Partnerships, and Ecosystem

သင်ကြားမည့်ဆရာ


Lecturer

U Aung Kyaw Htay

Vice President (Admin) Strategy First Universtiy, MBA (Heriott-Watt University), Executive Master in Digital Transformation and Innovation Leadership (IE University)



Lecturer

U Aung Pyae

Country Head of Myanmar (True Digital Group), MSc Marketing, (Heriott-Watt University)



Lecturer

Dr. Nang Saing Moon Khem

B.Sc,Chem (Hons), Mandalay University, M.I.Sc, University of Computer Studies, Yangon, Ph.D (IT), University of Computer Studies, Yangon.



Lecturer

U Pyae Nyein Lu

Head of Marketing (Citizens Pay, CDSG) MBA (Assumption University, Thailand), B.C.SC, Bachelor of English (BARS)



သင်ကြားမည့်ပုံစံ


SFU Professional Diploma သင်တန်းများကို Online ဖြင့် သင်ကြား ပေးသွားမည် ဖြစ်သည်။

Online သင်ကြားမှုပုံစံ ဆရာကြီး၊ဆရာမကြီးများမှ ကြိုတင်ရိုက်ကူးထားသောသင်ခန်းစာ videos များနှင့် lecture slides များကို Moodle Application/ Website (pd.strategyfirst.edu.mm) မှတဆင့်    ကြည့်ရှု့လေ့လာပေးရမည်ဖြစ်ပြီး လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မည့် Discussion အတန်းချိန်များကို သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း အပတ်စဉ် တစ်ပတ်(၂)ရက် Online မှ Zoom application ဖြင့်  (၆) လ တက်ရောက်ရမည် ဖြစ်ပါသည်။

သင်တန်းကြေးနှင့် ပေးသွင်းနိုင်သည့်ပုံစံများ



သင်တန်းကြေးအသေးစိတ်
  • Online သင်တန်းကြေး – 645000 ကျပ် + Textbook Fees
  • Old Student Discount – 100000 ကျပ် (Save)
  • Referral Discount – 50000 ကျပ် (Save)

သင်တန်းကြေးပေးသွင်းပုံများ
  • သင်တန်းကြေးများကို အရစ်ကျ (၂)ကြိမ်အရစ်ကျခွဲသွင်းနိုင်ပါသည်။
  • သင်တန်းကြေးကို တစ်ခါတည်းပေးသွင်းပါက Cash Down (10%) Discount ရရှိပါမည်။​
  • သင်တန်းကြေးကို အထူး အဆင်ပြေသော Online ငွေလွှဲဝန်ဆောင်မှုများဖြစ်သည့်
    • Wave Money
    • KBZ Pay
    • AYA Pay
    • Mobile Banking (AYA, KBZ, CB, Yoma ) များဖြင့် လွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါသည်။

SFU Professional Diploma စာမေးပွဲ ဖြေရမည့်ပုံစံ


စာမေးပွဲအနေဖြင့်ဘာသာရပ်ပေါ်မူတည်ပြီး Online Quiz MCQ + Assessment များဖြင့် ဖြေဆိုရပါမည်။ Assessment ဖြေဆိုရာတွင်ဘာသာရပ် Learning Outcome ပေါ်မူတည်ပြီး Assessment Type ကွာခြားမှုရှိပါမည်။ အတန်းတွင်း Activity များအနေဖြင့် Group အလိုက်၊ တစ်ဦးချင်းစီ (သို့) အဖွဲ့လိုက် Quiz, Assignment, Presentation များလည်းရှိပါမည်။


စာမေးပွဲကြေး
  • Exam Fees – 55000 ကျပ် (သင်တန်းကြေးထဲတွင်ပါပြီး)

သင်တန်းတက်ရောက်ရန်အတွက်လိုအပ်ချက်များ

  • အသက်(၁၈)ပြည့်ပြီးသူဖြစ်ရပါမည်။​

  • ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) ဘွဲ့တစ်ခုခုရပြီးသူ ​ဖြစ်ရပါမည်။