Strategy First International College ရှိ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “နှစ်သစ်ကူးစတုဒီသာ” အလှူပွဲ ကျင်းပပြုလုပ်

မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှာ Strategy First International College ရှိ UK ဘွဲ့ကြိုအတန်းများမှ Class Representative ကျောင်းသား၊ ကျောင်းသူများနဲ့ Students’ Club အသီးသီးမှ Club Coordinator များ ဦးဆောင်ပြီး “နှစ်သစ်ကူး စတုဒီသာ” အလှူပွဲကို ဧပြီလ (၁) ရက်နေ့က Strategy First Panchan Tower Teaching Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။Strategy First International College မှ Founder/ President ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်းနဲ့ Vice President (Admin) ဦးအောင်ကျော်ဌေးမှ ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ UK ဘွဲ့ကြိုအတန်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများလည်း တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

အဆိုပါပွဲမှာ 1. Strategy First Community Service Club မှ ရွှေရင်အေး ၊ 2.Strategy First Dance Club မှ သာကူလုံး  ၊ 3. Strategy First Cooking & Baking Club မှ ကျောက်ကျော ၊ 4. Strategy First Table Tennis Club မှ ရေခဲမုန့် ၊ 5. Strategy First Karate Club မှ မုန့်လက်ဆောင်း ၊ 6. Strategy First Media Club မှ သီးစုံဂျယ်လီဖျော်ရည် ၊ 7. Strategy First English Club မှ သာခွေယိုင် ၊  8. Strategy First Badminton Club မှ ဘိန်းမုန့် ၊ 9. Strategy First Hindu Society မှ မုန့်ဦးနှောက် ၊ 10. Strategy First Chinese Society မှ ကျောက်ကျောပင်မွား ဖျော်ရည် ၊ 12. Business Administration Batch - 25 မှ စတော်ဘယ်ရီ+ ဖရဲသီးဖျော်ရည် ၊ 13. Business Administration Batch- 30 မှ ဆီထမင်း ၊ 14. Business Administration Batch- 31 မှ မုန့်လက်ကောက်ကြော် ၊ 15. Business Administration Batch - 32 မှ အုန်းသီးရေခဲမုန့် ၊ 16. Computing Batch - 3+4 မှ ကြာဇံချက် ၊ 17. Strategy First Music Club နှင့်အတူ Strategy First International College မှ မုန့်လုံးရေပေါ် အစရှိသည့် မြန်မာမုန့်များဖြင့် နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ပါဝင်လှူဒါန်းခဲ့ကြပါသည်။

ဒါ့အပြင် Strategy First Dance Club နဲ့ Strategy First Music Club မှ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ Guest Performer အနေနဲ့ “Crew X” အဖွဲ့ မှ ဖျော်ဖြေရေးအစီအစဉ်မှာ အထူးပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။ Strategy First Photography Club မှလည်း “နှစ်သစ်ကူး စတုဒီသာ” အလှူပွဲ အမှတ်တရဓာတ်ပုံများကိုလည်း ရိုက်ကူးပေးခဲ့ပါတယ်။ ယခုလို “နှစ်သစ်ကူး စတုဒီသာ” အလှူပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ Class Representative & Club Coordinator များ၊ ဖျော်ဖြေရေးမှာ ပါဝင်ခဲ့ကြတဲ့ Strategy First Music Club, Strategy First Dance Club နဲ့ “Crew X” အဖွဲ့ဝင်များ၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပေးခဲ့တဲ့ Strategy First Photography Club၊ မြန်မာမုန့် (Food Stall) များမှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကို Strategy First International College မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။