Strategy First International College နှင့် British Council တို့အကြား Strategy First (Mandalay Teaching Center-2) ကို IELTS on Computer Testing Point အဖြစ် ဆောင်ရွက်ရန် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး

British Council မှ Strategy First International College (Mandalay Teaching Centre-2)  ကို မန္တလေးတိုင်းဒေသကြီးရဲ့ တစ်ခုတည်းသော IELTS on Computer Testing Point  အဖြစ် ဆောင်ရွက်ရန် သဘောတူစာချွန်လွှာကို စက်တင်ဘာလ (၂၅) ရက်နေ့က Strategy First  Panchan Tower Teaching Centre မှာ လက်မှတ်‌ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို Strategy First International College ရဲ့ Founder/President ဦးအောင်ချစ်ခင် နဲ့အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး British Council မှလည်း Country Director Ms. Sarah Deverall နဲ့ တခြားတာဝန်ရှိသူများ အားလုံးတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါပွဲမှာ Strategy First International College မှ မကြာမီ IELTS Training Centre အဖြစ်း ဖွင့်လှစ်သွားဖို့အတွက်လည်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။