![](https://enroll-sfu.sgp1.digitaloceanspaces.com/sfu-edu/image/event/cover_image/qxXBpqthG61707220162.webp?X-Amz-Content-Sha256=UNSIGNED-PAYLOAD&X-Amz-Algorithm=AWS4-HMAC-SHA256&X-Amz-Credential=B2CYMCE3X3VPOMO2IYUT%2F20240727%2Fsgp1%2Fs3%2Faws4_request&X-Amz-Date=20240727T084803Z&X-Amz-SignedHeaders=host&X-Amz-Expires=3600&X-Amz-Signature=1830cdbc1feceec32e5f3dc0bf688bdbc44e31439856ee5df8b2a2a847dea4ee)
Strategy First University မန္တလေးကျောင်းမှ Awarding Ceremony အခမ်းအနားကို ဇန်နဝါရီလ (၁၈) ရက်နေ့က SFU Mandalay Teaching Centre (1) Theater Hall တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Strategy First University ၏ Founder/President ဦးအောင်ချစ်ခင်၊ Vice President (Academic) ဒေါက်တာ ဦးစိန်မင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေးနှင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးတွင် သင်ကြားပို့ချနေကြသော ဆရာ၊ ဆရာမများနှင့် မိဘဆွေမျိုးများမှ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားတွင် President’s list ကျောင်းသား/သူများ၊ Dean’s List ကျောင်းသား/သူများ၊ NCC High Achiever Award ရရှိသူများနှင့် Club အသီးသီးမှ ပါဝင်ပေးခဲ့ကြသူများအားလုံးကို သက်ဆိုင်ရာ အသိအမှတ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြပါသည်။ SFU Music Club မှ SFU Theme Song ကို သီဆိုပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။